Unicode
ကျန်းမြောင်မြောင်က ကိစ္စတစ်ခုကို အလွန် သိချင်နေခဲ့သည်။
"နင် ဘယ်က လာခဲ့တာလဲ။ ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ။ လမ်းမှာ နင့်နောက်ကနေ ဇွန်ဘီတွေ လိုက်မလာဘူးလား။"
လုချီမင်က ပြန်ဖြေလိုက်သည်။ " မြို့တော် C ကနေ ဒီကို တလျှောက်လုံး လမ်းလျှောက်လာခဲ့တာ။"မြို့တော် C နှင့် ဤနေရာက ဆယ်ကီလိုမီတာ အကွာအဝေးခန့် ရှိသော်လည်း ဝေးသည်ဟု သတ်မှတ်၍ မရနိုင်ပေ။ သို့သော် လမ်းလျှောက်လာလျှင် နေ့ပေါင်းညပေါင်းအတော်ကြာအောင် လျှောက်ယူရလိမ့်မည် ဖြစ်သည်။
လမ်းပေါ်တွင် ဇွန်ဘီများကလည်း ရှိနေသေးသည်။ သူက ထိခိုက်ဒဏ်ရာမရှိဘဲ ဤနေရာသို့ မည်သို့ ရောက်လာနိုင်ပါသနည်း။ကျန်းမြောင်မြောင်က ၎င်းကို မယုံကြည်ပေ။ "ဒီနေရာကို စစ်တပ်နဲ့အတူ လာတာ မဟုတ်ဘူးလား။ ဒီလောက်အဝေးကြီး နင် တစ်ယောက်တည်း လာနိုင်တယ်ဆိုတာ မယုံဘူး။"
သူ့တွင် ကောင်းမွန်သော အသွင်အပြင်ရှိပြီး ခွန်အားကြီးသော်လည်း သူ့တွင် မည်သည့်လက်နက်မှ ရှိမနေပေ။ သူ့ထံ၌ သစ်သီးဓားတစ်လက်ပင် ရှိမနေခဲ့ချေ။
ဤစာအုပ်အတွင်း၌ မည်သည့် ထူးခြားသောစွမ်းအားမှ မပါဝင်ဘဲ ဇွန်ဘီများကလည်း အလွန် အားကောင်းလှသည်။ လူသားများက စစ်တပ်နှင့် လိုက်ပါသွားခြင်းမှမဟုတ်လျှင် သေအောင် ကိုက်သတ်ခံကြရလိမ့်မည် ဖြစ်သည်။
လုချီမင်က ပခုံးတွန့်လိုက်ပြီး ကျန်းမြောင်မြောင်၏ ဝက်သားခြောက်တို့ကို ဆက်လက် ကိုက်ဝါးနေခဲ့သည်။ သူက သူမ ယုံယုံမယုံယုံ ဂရုမစိုက်ပေ။
ကျန်းမြောင်မြောင်က ဝက်သားခြောက်ကို ဆွဲယူလိုက်၏။
"စားနေတာ တော်လိုက်တော့။ ဒီနေ့အတွက် နင့် ဝေစုက ကုန်သွားပြီ။"
"မင်း..."
သူမက သူတို့၏ သဘောတူညီချက်စာရွက်ကို ထုတ်ကာ ပထမအချက်ကို ထောက်ပြရင်း ပြောလိုက်သည်။
YOU ARE READING
ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)
Fantasyကျန်းမြောင်မြောင် x လုချီမင် မူရင်းစာရေးသူ - နိုင်ရှန်းဝေ့သာ