၆၀

1.1K 99 15
                                    

နင်က ငါးဆားနယ် လုပ်ချင်နေမှတော့ ငါးဆားနယ်လိုပဲ နေကြတာပေါ့။

ကျန်းမြောင်မြောင်က အပြင်သွားရန် ထပ်မလုပ်တော့ပေ။ ရေချိုးပြီးနောက် သူမ လက်ပ်တော့ပ်ကို ယူကာ ရုပ်ရှင်တစ်ကား စတင်ကြည့်လိုက်သည်။ သူမက ဘီစကစ်ထုပ် အနည်းငယ် ယူကာ မနက်ခင်းအဆာပြေအဖြစ် စားသောက်လိုက်၏။

နာရီအနည်းငယ်ကြာပြီးနောက် လုချီမင်က တွိုင်းလက်သွားရန် ထွက်လာခဲ့ပြီး သူမကို ဖြတ်သွားသည့်အခါ ရပ်တန့်လိုက်သည်။

"မင်း ဘာကြည့်နေတာလဲ။"

“Resident Evil.”

"အတူတူကြည့်မလား။"

သူမက ပခုံးတွန့်လိုက်ပြီး အတူလာကြည့်လည်း စိတ်မရှိကြောင်း ပြလိုက်သည်။

လုချီမင်က သူမ ဘေးတွင် ဝင်ထိုင်ကာ သူမ စားလက်စ ဘီစကစ်တစ်ဝက်ကျန်သည့် အထုပ်ကို ကောက်ယူ၍ ဘီစကစ်များကို ပါးစပ်ထဲ ထည့်လိုက်၏။

သူတို့ နှစ်ယောက်က ရုပ်ရှင်ကြည့်ရင်း ဝေဖန်နေကြသည်။

"ဒီဇွန်ဘီတွေက အရမ်း ရုပ်ဆိုးတာပဲ။"

"ရွှေတင်ပါးတစ်ခြမ်းက ပိုပြီး ချစ်စရာကောင်းတယ်။"

"အား.. အား... အား! ဇာတ်လိုက်မင်းသမီးက အရမ်းမိုက်တာပဲ။ ငါ သူမကို လက်ထပ်ချင်တယ်။"

ရုပ်ရှင်တစ်ကားကို နှစ်နာရီကျော်ကြာမြင့်ပြီး သူတို့က ပထမဆုံးတစ်ကားမှ ခြောက်ပုဒ်မြောက်အထိ ကြည့်လိုက်ကြကာ နောက်ဆုံး၌ မျက်လုံးများ ညောင်းညာလွန်း၍ မျက်လုံးဖွင့်ထားရန်ပင် ခက်ခဲနေသည်။

ကျန်းမြောင်မြောင်၏ ဗိုက်က ဆာလွန်းသဖြင့် အဆက်မပြတ် အော်မြည်နေ၏။ သူမက ခေါင်းလှည့်ကြည့်ရင်း ပြောလိုက်သည်။

"လုချီမင် နင် သွားပြီး...."

သူမသည် အစက သူ့ကို ချက်ပြုတ်ခိုင်းချင်သော်လည်း သူမ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ တစ်ဖက်လူက သူမ ပခုံးကို မှီထား၍ အိပ်ပျော်နေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ သူက အတော်လေး နေမကောင်းဖြစ်ထားသည်မို့ သူ့ပါးပြင်များက အများကြီး ပိုပိန်သွားသည်။ သူ၏ မျက်နှာအသွင်အပြင်က 3D ကဲ့သို့ ပိုမိုထင်ရှားပေါ်လွင်လာ၏။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now