Unicode
ဓာတ်မီးတွင် ဓာတ်အားက အကန့်အသတ်ရှိပြီး ကျန်းမြောင်မြောင်က နေရောင်ခြည်စွမ်းအင်သုံး ပါဝါဘန့်ခ်ကို ယူလာခဲ့သေးသော်လည်း ၎င်းက သုံးရက်သာ အသုံးခံနိုင်ပေသည်။
သူတို့သည် ဤကဲ့သို့ မည်မျှကြာကြာနေရလိမ့်မည်ကို မသိရပေ။ သူမက အထဲသို့ ရောက်ပြီး နှစ်နာရီခန့်ကြာပြီးနောက် ပျင်းရိလာပေတော့သည်။
စောင်အောက်တွင် သူမက မျက်လုံးများကို မှိတ်ကာ တရေးအိပ်ရန် ပြင်လိုက်သော်လည်း အိပ်မပျော်သောကြောင့် အမှောင်ထဲတွင် မျက်လုံးဖွင့်ကြည့်လိုက်ပြီး သူမက မနေနိုင်ဘဲ ခေါ်လိုက်ပေသည်။
"လုချီမင်"
"အင်း"
ရင်းနှီးနေသော အသံက သူမနားထဲ ဝင်လာသည့်အခါ သူမက အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။"နင် အိပ်နေပြီလား။"
"မအိပ်သေးဘူး။"
"စကားပြောချင်လား။"
လုချီမင်က ညင်သာစွာ ရယ်မောလိုက်ပြီး ထိုရယ်သံတိုးတိုးက ကျဥ်းမြောင်းသော မြေအောက်ခန်းအတွင်း ပဲ့တင်ထပ်လာသည်။
"ကြောက်နေလို့လား။"
သူမက နှုတ်ခမ်းဆူလိုက်၏။ "ငါ မကြောက်တတ်ဘူး။"
"ဒါဆို ဘာဖြစ်လို့ စကားပြောရအောင် ခေါ်နေတာလဲ။"
လုချီမင်သည် သူတို့ကြားမှ ဆက်ဆံရေးက အတော်လေး ထူးဆန်းသည်ဟု ခံစားမိပေသည်။ သူက ထိုဆက်ဆံရေးကို ကောင်းသလားဆိုးသလား မပြောနိုင်ပေ။
သူမ အန္တရာယ်အတွင်း ကျရောက်နေသောအခါ သူမက သူ့စကားကို နားထောင်ရန် ဆန္ဒရှိပြီး သူနှင့် ပူးပေါင်းကာ အန္တရာယ်ကို အတူတူ ရင်ဆိုင်ကာ တိုက်ခိုက်လိမ့်မည် ဖြစ်သည်။
သို့သော် အန္တရာယ်ကင်းလုံခြုံပြီးသွားသည်နှင့် သူတို့က အမြဲ စကားသုံးခွန်းမပြည့်ခင် ရန်ဖြစ်ကြလိမ့်မည် ဖြစ်၏။
YOU ARE READING
ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)
Fantasyကျန်းမြောင်မြောင် x လုချီမင် မူရင်းစာရေးသူ - နိုင်ရှန်းဝေ့သာ