ကျန်းမြောင်မြောင်က အိမ်သာ ခုံပေါ်တွင် ထိုင်ရင်း အော်ပြောလိုက်သည်။
"နင် ဆက်ပြီး ကစားနေလိုက်။ ဘာလို့ ဂိမ်းဆော့နေရင်းနဲ့တောင် အိမ်သာသွားဖို့ လိုနေသေးတာလဲ။ နင့် ဘောင်းဘီထဲမှာ ပေါက် ချလိုက်ပါလား။"
တစ်ဖက်လူက စကားပြန်မပြောဘဲ တံခါးကို ဆက်၍ ထုနေကာ အလျင်စလို ဖြစ်နေပုံရသည်။
သူမက ဘောင်းဘီပြန်ဝတ်လိုက်ပြီး တံခါးအား ဆွဲဖွင့်ကာ သူ့ကို ရန်တွေ့ရန် အသင့် ဖြစ်နေခဲ့သည်။
သို့ပေမယ့် သူမ တံခါးဖွင့်လိုက်သည့်အခါ မြင်လိုက်ရသည်က လုချီမင် မဟုတ်ဘဲ အလွန် ပျက်စီးယိုယွင်းနေသည့် မျက်နှာတစ်ခု ဖြစ်လေသည်။
ရာသီဥတုက ပူပြင်းလှပြီး လူ့အသွေးအသားထဲ၌ ယင်ကောင်များ ကြီးထွားနေကာ အလောင်းကောင်၏ မီးခိုးရောင် အရေပြားအောက်တွင် လျှောက်သွားပြေီး အနံ့အသက်ကလည်း အလွန် ပြင်းထန်လှသည်မှာ သူမအား အသက်ရှူကြပ်လုနီးပါးပင် ဖြစ်သွားစေသည်။
၎င်းသည် အသက်ရှိနေသော အသွေးအသား၏ အနံ့ကို ရလိုက်သည့်အခါ သူမအား ကိုက်ရန် နံစော်နေသည့် ပါးစပ်ကို ဖွင့်ဟလာသည်။
ကျန်းမြောင်မြောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူမ အားရှိသမျှနှင့် တံခါးကို ဆောင့်ပိတ်လိုက်သည်။
"အားးးးး!!" သူမက တံခါးနောက်မှ အသားကုန် အော်ဟစ်နေ၏။
ဘန်း... ဘန်း... ဘန်း.... ဇွန်ဘီက အပြင်ဘက်မှ တံခါးကို ထုရိုက်နေသည်။
ဂိမ်းထဲမှာ စျာန်ဝင်နေသည့် လုချီမင်၏ နားရွက်များက လှုပ်ရှားသွားပြီး သူက အခန်းထဲမှနေ၍ တံခါးသို့ လှမ်းကြည့်လိုက်သည်။
"မြောင်မြောင်.. ဘာဖြစ်လို့လဲ။"
သူက အော်၍ မေးလိုက်၏။
ကျန်းမြောင်မြောင်က ပြန်မဖြေဘဲ ဆက်၍ အော်ဟစ်နေသည်။
လုချီမင်၏ နှလုံးသားက ထိတ်လန့်သွားပြီး သူက လက်ပ်တော့ပ်ကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့သည်။
ဇွန်ဘီက တံခါးကို ဖြတ်ကာ မဝင်နိုင်သည့်အတွက် လုချီမင် အနံ့ကို ရသည့်အခါ ချက်ချင်းလှည့်၍ သူ့ထံ ပြေးဝင်လာ၏။
YOU ARE READING
ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)
Fantasyကျန်းမြောင်မြောင် x လုချီမင် မူရင်းစာရေးသူ - နိုင်ရှန်းဝေ့သာ