ကြွေ မျက်ခွံများလေးလံနေသော်လည်း အားယူကာ ဖွင့်ကြည့်လိုက်သည်။ ဘယ်နေရာမှန်းမသိတဲ့ အခန်းတစ်ခုထဲရောက်နေခြင်းဖြစ်သည်။ ဘေးဘီကို ကြည့်ပြီး ကြွေအားယူကာထိုင်လိုက်သည်။
" ဟင်....."
လက်တွင်သွယ်တန်းနေသော အပ်ကြီးနှင့် ဆေးဘူးကြီးကို မြင်ပြီး ကြွေလန့်သွားသည်။
ငယ်ငယ်ကတည်းက ဆေးထိုးအပ်ဆို အသေ အလဲ ကြောက်သူဖြစ်သူပီပီ မျက်လုံးကို တန်းမှိတ်ထားလိုက်သည်။မရဲတရဲဖြင့် မျက်လုံးဖွင့်ကြည့်ကာ ငိုမဲ့မဲ့ဖြစ်နေသည်မှာ ကလေးလေးတစ်ယောက်လိုပင်။ထိုစဉ်...
" ဟယ်...ညီမ သတိရလာပီလား...ခေါင်းမူးသေးလားညီမ...တစ်နေရာရာကနာနေရင်ပြောနော်"သူနာပြုဝတ်စုံဝတ်ထားသည့် အမတစ်ယောက်ကပြောလိုက်ခြင်းဖြစ်သည်။
" ဟုတ်...ညီမအဆင်ပြေပါတယ်၊ ခေါင်းနဲနဲမူးရုံလေးပါ၊ ဒါနဲ့ အမကဘယ်သူလဲဟင်၊ ညီမကရော ဒီကို ဘာလို့ရောက်နေတာလဲ"
သူနာပြုအမက ကြွေရဲ့ ဆေးဘူးကြီးကိုစစ်ဆေးရင်း ကြွေမေးနေသည်ကို ပြန်လည်ဖြေကြားလာသည်။
"အော်...ညီမကို အကိုေလးခွန်းဆင့်ရှိန်ကားနဲ့တိုက်မိမလိုဖြစ်ပြီး ညီမသတိမေ့သွားလို့ အကိုလေး ကခေါ်လာပေးတာ၊ စိတ်မပူပါနဲ့ ညီမအခြေအေနက ကောင်းပါတယ်၊ ဒါနဲ့ ညီမနာမည်က..."
" ညီမနာမည်က ကြွေ ပါ..."
"အော်အမနာမည်က ကြေးနီပါ၊ ညီမရဲ့ special nurse ပါ၊ မကြွေက ရုပ်လေးနဲ့ နာမည်လေးနဲ့လိုက်တယ်နော်၊ ကြွေရုပ်လေးကျနေတာပဲ"
"အာ...မဟုတ်တာအမကလဲ..."
ကြွေလည်ပင်းလေးကိုပွတ်ကာ ရှက်နေသည်မှာ ချစ်စရာအတိ။
************************************
ဆိတ်ငြိမ်လှသော လူကုံထံ ရပ်ကွက်တစ်ခု၏
သူဌေးကြီး ဦးဇေယျ တစ်ယောက် ဒေါသမီးများလောင်ကျွမ်းနေသည်။ အကြောင်းမှာကား မိမိ၏ တစ်ဦးတည်းသောအကိုကို အခဲမကြေဖြစ်နေခြင်းဖြစ်သည်..."တောက်!!! မင်းခဆိုတဲ့ကောင်၊ ငါ့ကို အနိုင်ယူချင်လို့ သက်သက်မဲ့ ငါကြံနေတဲ့ ကောင်မလေးကို အကြွေးနဲ့သိမ်းသွားတာ၊ ငါလုံး၀အခဲမကြေဘူးကွာ!!!!!!"
YOU ARE READING
ဖူးစာ❤️
RomanceDon't leave me even tho I told u to leave, Cause u are my destiny baby ❤️