ဖူးစာ❤️...part (5)

65 0 0
                                    

ကြွေရုံးကပြန်ရောက်တော့ ရေချိုးလိုက်သည်။ ညစာပြင်ဆင်ရန် ဆင်းရမည်ဖြစ်၍ တီရှပ်အဖြူရောင်ခပ်ပွပွကို အောက်ကကြက်‌ေသွး‌ေရာင် ဘောင်းဘီတိုလေးနဲ့ တွဲဝတ်ကာဆင်းလာသည်။

သူများအိမ်မှာနေတယ်ဆိုတော့လည်းအိမ်မှုကိစ္စတွေကူညီပေးရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ရဲမတိုင်ပဲ ထားထားတာကိုပဲ ကျေးဇူးတင်ရမည်။

မီးဖို‌ေချာင်ထဲရောက်တော့ အိပုံနဲ့ တခြားကောင်မလေးနှစ်ယောက်ကအလုပ်ရှုပ်နေသည်။

" အိပုံ...ကြွေဘာကူညီပေးရမလဲဟင် "

" အာ...မမကလည်း ရပါတယ်၊ ဒါကအိပုံတို့ လုပ်နေကျအလုပ်တွေပါ၊ မမဗိုက်ဆာနေပြီလားဟင် "

" ဟင့်အင်း၊ ကြွေကကူညီလို့ရအောင်ဆင်းလာတာ "

" ရပါတယ်မမရဲ့၊ ပြီးတော့မှာပါ၊ ဒါပီးရင် အကိုလေးကိုထမင်းစားဖို့ အိပုံ သွားခေါ်လိုက်မယ် "

" ကြွေသွားခေါ်လိုက်ပါ့မယ်၊ အိပုံကထမင်းပွဲ ပြင်ထားလိုက်နော် "

" ဟုတ်ကဲ့မမ "

ကြွေ‌အပေါ်ထပ်သို့တက်လာသည်။အခန်းပေါင်းများစွာ ရှိနေပြီး အပေါ်ထပ်တွင်မိမိအခန်းကလွဲရင် ဘယ်အခန်းမှာ ဘာရှိမှန်း
မသိသောကြွေ အတော်လေးစိတ်အိုက်သွားသည်။

ကြွေပထမဆုံးအခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။ စာအုပ်စင်နှင့် စားပွဲတစ်လုံးရယ်၊ ကွန်ပြူတာရယ်သာ ရှိသည်။ ကြွေလည်းနောက်အခန်းတံခါးတစ်ခုကိုဖွင့်လိုက်သည်။
အိပ်ယာတစ်ခုရယ်၊ ဗီဒိုရယ်နှင့်မှန်တင်ခုံတစ်လုံးရှိနေသည်။ အခန်းကလူမနေတာကြာပြီထင်ပါသည်။ အနံ့အသက်သိပ်မကောင်း၊ ဒီအခန်းမဟုတ်လောက်ဟုထင်၍ ပြန်ပိတ်ဖို့လုပ်နေစဉ် ဓာတ်ပုံတစ်ခုကို မြင်သွားသည်။

ကိုကြီးနှင့်အမျိုးသမီးတစ်ဦး၏ပုံဖြစ်သည်။ ကိုကြီးက ထိုအမျိုးသမီး၏နဖူးကိုနမ်းနေသည့်ပုံဖြစ်သည်။ထိုအမျိုးသမီးကအတော်လေးချောသည်။

* ကိုကြီးကပိုင်ရှင်ရှိတာကိုး...အင်းပေါ့လေ၊ဒီလောက်ချောပြီး ထက်ထက်မြက်မြက်လည်းရှိတာ ရည်းစားမရှိဘဲမနေပါဘူးလေ*

ဖူးစာ❤️Where stories live. Discover now