ဖူးစာ ❤️...part (6)

52 0 0
                                    

ခွန်းခြေဖျားလက်ဖျားတွေအေးကာ သူမလေးကို စိတ်ပူနေသည်။ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဖြစ်သောနေဘုန်းကိုယ်တိုင် ကုပေးနေသည်ဖြစ်သော်လည်းရတက်မအေးဖြစ်နေသည်။
*ချာတိတ်သာ တစ်ခုခု ဖြစ်သွားခဲ့ရင်...*

အတွေးနဲ့ပင် ခွန်းကြောက်နေသည်။ နေဘုန်းက လန့်သွား၍ သတိလစ်သွားတာဖြစ်ကြောင်း စိတ်ပူစရာမလို‌ေကြာင်းပြောလည်း ခွန်းမှာတော့
ဖင်တကြွကြွဖြင့်သူမလေးနိုးလာမည့်အချိန်ကိုသာစောင့်နေသည်။ အသက်ရှုရဲ့လားဟူ၍
သူမနှာခေါင်းလေးအနား လက်ကလေးဖြင့်အသက်ရှုသံကိုစမ်းလိုစမ်း၊ တစ်ရှုးဖြင့် နဖူးနုနုလေးပေါ်က ချွေးကိုသုတ်ပေးလိုသုတ်ပေးလုပ်နေလေသည်။

" ဟျောင့်!!!! မင်းအဲ့လောက်မပိုနဲ့ဟျောင့်၊ မင်းဟာလေးကလန့်သွားရုံပဲ၊ ခဏနေနိုးလာမှာ "

နေဘုန်းမှာ အမြင်ကပ်လာ၍ နေထိထိုင်မသာပြောလိုက်သည်ကို ခွန်းမှာ ရှက်ကိုးရှက်ကန်းဖြင့် ‌ရန်ပြန်တွေ့လာသည်။

" -ီးကိုငါ့ဟာလေးလား၊ မင်းပါးစပ်ကိုပိတ်ထားကွာ၊ သူများသားသမီးကို မစော်ကားနဲ့၊
သူ့သိက္ခာလည်းထည့်တွက်အုံး ခွေးကောင်!!"

" အော်၊ ခုတော့မင်းက မတော်ရသေးတဲ့ အနာဂတ်ဇနီးလောင်းလေးရဲ့သိက္ခာကိုပါ ထည့်တွက်ပေးနေပြီပေါ့ "

" မင်းဒီနားလာခဲ့ ၊ ခွေးသားဒီလာခဲ့ "

" မောင်ကလည်းလူတွေကြားထဲ ရှက်စရာကြီး၊ မလာပါဘူး၊ အိမ်ရောက်မှချစ်ကွာ "

" ‌‌ေခွးကောင်!!!!! "

နေဘုန်း၏ အခြောက်မလိုလုပ်ပြလိုက်သည့် အမူအရာကြောင့် သူနာပြုမလေးများ ပြုံးစိစိလုပ်ကာထွက်သွားလေသည်။ ခွန်းမှာ ထိုင်ရာမှထိုင်ကာ နေဘုန်းအား ရေသန့်ဘူးဖြင့်ကောက်ပေါက်လေတော့သည်။ ထိုမှ နေဘုန်းလည်း အခန်းထဲမှ တစ်ချိုးတည်းလစ်‌ေလတော့သည်။

************************************
" ဘာကွ၊ မင်းကွာ မိန်းကလေးတစ်ယောက်ကိုတောင် ပါအောင်ခေါ်မလာနိုင်ဘူးလားကွာ!!!! "

" တောင်း...တောင်းပန်ပါတယ်‌ဘော့စ်၊ ကျွန်တော် နောက်တစ်ခါ ဆိုရင်လုံးဝအလွတ်မပေးဘဲခေါ်လာပါ့မယ်၊ အခုဟာက ဘယ်ကမှန်းမသိတဲ့အကောင်တစ်ကောင်က လာ
ပထုတ်သွားလို့ပါ"

ဖူးစာ❤️Where stories live. Discover now