ခွန်း သူမလေးကို စိတ်ပူနေတာ သူ့ကိုယ်သူ ပြန်သတိထားမိကာ စိတ်တိုလာသည်။ မိန်းမတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့မှတ်ဉာဏ်တွင်
နာကြဉ်းမှုတွေသာဖြစ်၍ အတိတ်မှ မှတ်ဉာဏ်များ ပြန်လည် နေရာယူလာချိန်
ဒေါသများတလိပ်လိပ်တက်လာပြီး သည်းမခံနိုင်တော့တဲ့အဆုံး၊ လက်ထောက်ထားသည့်ကားနောက်ဖုံးကို အားဖြင့်ရိုက်ချလိုက်သည်။
ထိုစဉ် ကားထဲမှတစ်ယောက်က လန့်ဖျန့်ကာထအော်လေတော့သည်။"အမလေးးးးးးးးးးး"
ခွန်းတစ်ယောက် ကိုယ့်နားကိုတောင်ပြန်မယုံချင်ဖြစ်သွားသည်။ သူးကားဆီမှမိန်းကလေးသံထွက်ပေါ်လာခြင်း။ ခွန်းချက်ချင်း နောက်ဖုံးကိုဖွင့်တင်လိုက်ရာ မြင်လိုက်ရသောအရာကြောင့် ချောမောသော ခွန်းမျက်နှာလေးမှာ အံဩမှုများအတိဖြင့် စကားပင်ထစ်နေသည်။
" ချာတိတ်...မင်းးးမင်းဘယ်လိုလုပ်ပီးတော့
ဒီထဲရောက်နေတာလဲ "" ဟို...ကြွေကိုအရင်ဒီထဲကထုတ်ပေးပါလားဟင်...ကြွေမွန်းလို့ပါ "
************************************
ခွန်းအရှေ့က ထိုင်နေသည့်သူမလေးကို ကြည့်ကာ စကားစရန်ပြင်နေသည်။ သူမလေးကတော့ ခေါင်းငုံကာ အပြစ်လုပ်ထားသူတစ်ဘယာက်လို ထိုင်နေသည်။" မင်းသက်သာရဲ့လား "
" ဟို... ကြွေတောင်းပန်ပါတယ်နော် "
နှစ်ယောက်စလုံး ပြိုင်တူပြောလိုက်သဖြင့် နှစ်ေယာက်သားကြောင်ပြီး ငြိမ်နေပြန်သည်
" မင်းအရင်ပြောပါ "
" ဟုတ်...ကြွေတောင်းပန်ပါတယ်နော်၊ အကို့ကားပေါ် အကိုမသိဘဲလိုက်လာတာ ရဲတော့မတိုင်လိုက်ပါနဲ့ေနာ်၊ ကြွေခိုင်းတာမှန်သမျှလုပ်ပါမယ်၊ကျေးဇူးပြုပြီး ရဲတော့မတိုင်ပါနဲ့"
ခွန်း သူရှေ့က မျက်နှာငယ်လေးနဲ့တောင်းပန်နေသောသူမလေးကို စချင်လာသည်။
" သေချာလား...ခိုင်းတာမှန်သမျှလုပ်မယ်ဆိုတာ"
" ဟုတ်...အတတ်နိုင်ဆုံးကြိုးစားပါ့မယ်၊ မဟုတ်တာတွေကလွဲရင် အကုန်လုပ်ပါ့မယ် "
ခွန်းသူမလေး၏ စကားကိုအတော်လေး သဘောကျသွားသည်။
* မဟုတ်တာတွေက လွဲရင်လုပ်မယ်တဲ့၊
စကားပြောတာချင့်ချိန်တတ်တာပဲ၊ ကိုယ့်ကြိကိုယ်ကာကွယ်ပြီးမှ လိုတာကိုတောင်းဆိုတတ်တယ်၊ ဘယ်ဆိုးလို့လဲ၊ ငါသိခဲ့တဲ့မိန်းမတွေလို ကတိကိုအလွယ်မပေးတတ်ဘူးပဲ *
YOU ARE READING
ဖူးစာ❤️
RomansaDon't leave me even tho I told u to leave, Cause u are my destiny baby ❤️