ဖူးစာ❤️... part (1)

248 2 1
                                    

ညလေးက သာယာလွန်းလှသည်၊ မိုးရွာပြီးခါစဖြစ်၍ ကတ္တရာလမ်းမကြီးက စိုနေပီး လူသွားလူလာ တိတ်ဆိတ်နေသည်။ကောင်းကင်ကြီးက မိုးသားတိမ်လိမ်များကင်းမဲ့စွာ ကြယ်ကလေးများအလှပြိုင်နေကြသည်။ လမင်းကြီးမှာလည်း အေးမြဝိုင်းစက်နေသည်။

သို့သော် လမင်းကြီးနဲ့အတူ အပြိုင်အဆိုင်လှနေသူက ရှိသေးသည်။ သူမနာမည်က ကြွေ တဲ့။ နာမည်နဲ့လူ လိုက်လည်းလိုက်ပါပေသည်။ မြင်သူတိုင်းကြွေရလောက်သည့်သူမ ၊ခါးသေးရင်ချီ ပဒုမ္မာနီကဲ့သို့ အချိုးအစားနဲ့ ယောကျာ်းသား များသာမက မိန်းကလေးများပင် နှစ်ခါပြန်ကြည့်ရသူ။ အသားလေးကအဖြူကြီးမဟုတ်သော်လည်း ဝါဝင်းသည့်ဖက်ကိုသွားသည်။ နက်မှောင်ထူထဲသော ခါးထိသည့် ဆံနွယ်ရှည်များကို စုစည်းထားသည်မှာ ဝတ်ထားသည့် မြန်မာဝတ်စုံလေးဖြင့် လိုက်ဖက်ကာ နန်းဆန်လွန်းနေသည်။ သို့သော် သူမလေးမှာ တစ်စုံတစ်ခုသော အကြောင်းအရာကြောင့် ကြောက်လန့်နေဟန်ဖြင့် ရှိုက်ငိုနေပီး ခပ်သုတ်သုတ် လျှောက်နေလေသည်။

ထိုစဉ် ရုတ်တရက်လမ်းကြားမှထွက်လာသော ကားနဲ့တိုက်မိမလို ဖြစ်လေသည်။ကားဘရိတ်အုပ်တာ မြန်သွား၍ ဖြစ်သည်။မဟုတ်ရင်သူမလေးမလွယ်။

"ကျွှီးးးးးးးးးးးး လခွမ်း ဘယ်ကောင်လဲကွ... သေချင်နေတာလား... သေချင်ရင်တခြားသွားသေ... *ီး လိုမှပဲ... "

ခွန်းတစ်ယောက် ပါတီမှာ ရန်ဖြစ်လာပီး ဒေါသထွက်ရတဲ့အထဲ၊ ကားတစ်စီးလုံးကို
မမြင်ဘဲ ထွက်လာသော ငနဲသားကိုအတော်ဒေါကန်သွားသည်။

*ီးလိုမှပဲ ဘယ်ငနဲသားလဲကွ ကားတစ်စီးလုံးဝင်လာကို မင်းဖေကြီးဝင်လာတယ်ထင်နေ...

ခွန်းမြင်လိုက်ရသောမြင်ကွင်းကြောင့် အတော်လေးပူထူသွာသည်။ ကောင်မလေးတစ်ယောက်မေ့နေလေသည်။ ထိလဲမထိရဲ မကိုင်ရဲဘဲ ခွန်း‌ခေါ်နှိုးလေသည်။

ဟိုက်.....ငနဲသားမဟုတ်ဘူးဟ... ကောင်မလေးပဲ ၊ သေများသွားပီလားမသိဘူး၊ ဟာ.. မဖြစ်နိုင်တာ၊ ငါ့ကားနဲ့မှမတိုက်‌ရသေးတာ...ဟာကွာ။
‌ဟေး.. ဟေး.. ချာတိတ်...ထလေကွာ... ချာတိတ်‌လို့...ဟေး.....။

ဖူးစာ❤️Where stories live. Discover now