ဖူးစာ❤️...part (9)

70 2 0
                                    

" အား၊ ကိုကြီး မကိုက်နဲ့၊ နာတယ် အာ့လိုမနမ်းပါနဲ့၊ တောင်းပန်ပါတယ်၊ အဟင့် ဟင့် အီးးးး ဟီးးး:"

ကြွေ၏ ငိုယိုတောင်းပန်သံများကိုမကြားဘဲ၊ သူမ၏လက်သည်းများ သူ့၏နောက်ကျောကို ကုပ်ခြစ်နေသည်ကိုပင် သတိမထားမိဘဲ ခွန်းတစ်ယောက် ထိုနှုတ်ခမ်းပါးလေးကိုတက်မက်စွာ နမ်းရှိုက်ရင်း ရစ်မူးနေသည်။

ခွန်းအခုမှသတိဝင်လာကာ ကလေးကိုကြည့်လိုက်တော့ မျက်ရည်များဖြင့် သူ့ကို စိုက်ကြည့်နေသည်။ အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း သူ့အား စိုက်ကြည့်နေသည့် သူမလေး။

" ကိုယ်တောင်းပန်ပါတယ်၊ မနမ်းတော့ဘူးနော် "

" ထွက်သွား !!! "

" ကိုယ်တောင်းပန်ပါတယ်၊ စိတ်မထိန်းနိုင်ဖြစ်သွားလို့ပါအချစ်ရာ "

" ထွက်သွားလို့ "

တရှုံရှုံရှိုက်ကာငိုချရင်းပြောလိုက်သည့် သူမလေး။

" ကိုယ်တောင်းပန်ပါတယ်၊ နာသွားလားဟင်"

" ဘာလဲ၊ ရှင့်အိမ်မှာနေတာဆိုပြီးအထင်သေးတာလား "

" ဟာ၊ အဲလို မဟုတ်ပါဘူး၊ ကိုယ်က...ကိုယ်က "

" ဆက်ပြော၊ ဘာဖြစ်လဲ "

" ... "

" ထွက်သွားပါ၊ ကျွန်မ စာချုပ်အတိုင်း ခြောက်လ အလုပ်လုပ်ပြီးရင်ထွက်သွားမှာ "

" ... "

" ရှင် ကျွန်မကိုလေးစားရင်ထွက်သွားပေးပါ၊ ဦးခွန်းဆင့်ရှိန် "

ခွန်းခေါင်းကြီးငုပ်ကာ ငိုင်နေသည်။

" ရတယ်လေ၊ ဒါဆိုရင် ကျွန်မထွက်သွားမယ်" ဟုပြောကာ ကြွေလှည့်ထွက်လာသည်။

ခွန်း လှည့်ထွက်သွားသည့် သူမ ကို နောက်မှ ဖက်လိုက်သည်။ သူမရဲ့ပခုံးလေးပေါ် မေးတင်ကာ ခါးလေးကိုနောက်မှဖက်ထားသည်။

" တောင်းပန်ပါတယ်၊ ကိုယ့်အနားမှာပဲနေပေးပါ "

" ... "

" မထားခဲ့ပါနဲ့အချစ်ရာ၊ မင်းကပါ ကိုယ့်ကို ထားသွားရင် ကိုယ်ဘယ်လိုအသက်ရှင်ရမှာလဲကွာ၊ ကိုယ်တောင်းပန်... "

ဖူးစာ❤️Where stories live. Discover now