ခွန်း မနေ့က မနက်လင်းခါနီးမှ အိပ်ယာဝင်သဖြင့် ၈နာရီမှနိုးလာသည်။
နိုးလာသည်နှင့်သူ၏အချစ်လေးအကြောင်းပဲတွေးနေမိသည်က သူသည်သူမလေးကို
မည်မျှစွဲလန်းနေသည်ကို သက်သေပြလေသည်။* မနက်ပိုင်းအားရှိအောင် ကလေးဆီသွားအုံးမယ် *
ပြုံးပြုံးကြီးဖြင့် ရေချိုးနေသည်။ ပြုံးေနရသည့် အကြောင်းရင်းကတော့ သူမလေးမှ
တပါး တခြားမရှိ။* အားးးမနေနိုင်တော့ဘူး၊ မြန်မြန်သွားတွေ့ရမယ်၊ လွမ်းနေပီ *
ခွန်း အောက်ထပ်ရောက်တော့ အေပရွန်လေးနှင့် ချက်ပြုတ်နေသည့်သူမ။ အဝါရောင်ဖျော့ဖျော့ ချည်သားဂါဝန်လေးကို အေပရွှန်လေးထပ်ဝတ်ကာ ဆံပင်လေးကိုစုထုံးထားသည့်သူမ။
ခွန်း သူမခါးလေးကို အနောက်ကဖက်လိုက်သည်။ သူမပခုံးပေါ်မေးလေးတင်ကာ အားဖြည့်နေသည်။
" ကိုကို ဖယ်အုံးလေ၊ ကြွေကိုကိုစားဖို့ပြင်
ေနတယ်၊ ရုံးနောက်ကျနေလိမ့်မယ်နော် "" ရုံးမသွားဘူး ဒီနေ့ "
" ဟယ် ဘာဖြစ်လို့ "
ကြွေခွန်းဘက်လှည့်ကာ မေးလိုက်သည်။
" ကလေးနဲ့အတူနေချင်လို့ပေါ့ "
" အဲ့လို့မရဘူးလေ၊ အလုပ်တော့သွားရမှာပေါ့၊ ကြွေနဲ့က အိမ်မှာလည်းတွေ့ နေရတာပဲကို "
" ကလေးကိုတစ်နေ့လုံးလွမ်းနေမှာ၊ မသွားချင်ဘူး "
" ပြန်လာရင် တွေ့ရမှာပဲလေ လိမ္မာပါတယ် သွားလိုက်နော် ပြန်လာရင် ကြွေအိမ်ရှေ့ထွက်စောင့်နေမယ် နော်"
" အင်းပါ၊ ကို့ကောင်မလေးပြောတာပဲနားထောင်ရမှာပေါ့၊ ကြွေဘာစားချင်လဲ ကိုယ်ပြန်လာရင်ဝယ်ခဲ့မယ် "
" လူပဲပြန်လာခဲ့ပါကိုကို "
" ဟမ်!!!! ကိုကို့ ကိုစားမယ်ပေါ့ "
" အာ...ကိုကိုနော်၊ ကြွေပြောတာ ဘာမှမလိုဘူး၊ လူပဲအိမ်ပြန်လာခဲ့လို့ ပြောတာကို၊ သူလိုချင်တာပဲဇွတ်တွေးနေပြီးတော့ "
" ဟားးဟားး ချစ်လို့စတာပါ ကလေးရဲ့
ရွတ်...
YOU ARE READING
ဖူးစာ❤️
RomanceDon't leave me even tho I told u to leave, Cause u are my destiny baby ❤️