မှောင်ရီပျိုးစ ညနေခင်းတစ်ခု။
မိုးကလေးညိုနေကာ လူအသွားအလာကင်းနေသည့်ထိုရပ်ကွက်လေးမှာ ငြိမ်ဆိတ်လှသည်။ သို့သော် ငြိမ်ဆိတ်မနေကားအိမ်တစ်အိမ်ကားရှိနေပါ၏။ ထိုအိမ်ကား ဦးမင်းခ၏အိမ်။
အချိန်ကား ညနေ၆နာရီခန့်။
ထိုအိမ်၏ ဂိုထောင်ထဲတွင် လူတစ်ယောက်ကိုဇောက်ထိုးဆွဲကာ ကြိုးဖြင့်ချီထားသည်။
ဘေးနားတွင်လူလေးယောက်ခန့်လောက်က ထိုသူ၏ဝမ်းဗိုက်အား တုတ်ဖြင့် ဝိုင်းရိုက်နေကြသည်။ခပ်လှမ်းလှမ်းတွင်တော့ ထိုအိမ်၏သခင်ဦးမင်းခ...။သူ၏ မိန်းမတစ်ယောက်အနားမှာမရှိလျှင်မနေတတ်သည့်အကျင့်အရ ဘေးတွင်ချောချောလှလှမိန်းကလေးတစ်ဦးအမြဲလိုလိုရှိေနတတ်သည်။
မိန်းကလေးမှာထိုအရိုက်ခံနေရသည့်လူအားစိုးရိမ်ပူပန်စွာကြည့်နေသည်။
ဦးမင်းခ စီးကရက်ကိုပါးစပ်တွင်ခဲရင်းစကားအစချီလိုက်သည်။
" ဘယ်လိုလဲ အောင်မင်းရ...၊ သိပ်နာနေသလား၊ စိတ်မပူပါနဲ့ကွာ!!ဒီတစ်ညပါပဲ၊ မနက်ဖြန်ကျရင်မင်းက ငါ့ယောက်ဖဖြစ်လာတော့မှာ ဟားဟား နော်...သဲလေး "
ဟုပြောကာဘေးကကောင်မလေး၏ပေါင်တံကိုကိုင်ကာပြောသည်။ မိန်းကလေးမှာရှက်ရွံ ရွှံရှာသည့်အကြည့်များဖြင့်ကြည့်နေသည်။
" ကျွန်တော် တောင်းပန်ပါတယ်ဘော့စ်၊ ကျွန်တော်ညီမလေးကိုတော့ ပြန်လွှတ်ပေးပါ၊ ကျွန်တော်တောင်းဆိုးပါတယ် "
" နိုး...နိုး...နိုး...နိုး!!! အဲ့လောက်မလွယ်ဘူးလေကွာ၊ ငါကပါးစပ်နားရောက်နေတဲ့အသားတုံးကြီးကိုငါလက်နဲ့ကိုယ်တိုင်ရိုက်ချရအောင် အရူးမှမဟုတ်တာ!!! "
" ကျွန်တော်တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော်ညီမလေးကငယ်ငယ်လေးပဲရှိပါသေးတယ်ဗျာ "
ဦးမင်းခသည် မိန်းကလေးကိုစုန်ချီဆန်ချီတတဏှာမျက်လုံးများဖြင့်ကြည့်ရင်း
" မငယ်တော့ပါဘူး စားလို့ရအောင်ကိုမှည့်နေပြီ၊ အဟင်းဟင်း...မင်းကိုငါအချိန်ပေးခဲ့ပါတယ်ကွာ၊ အဲ့ကြွေဆိုတဲ့ကောင်မကိုတွေ့အောင်ရှာခဲ့ပါလို့လည်းငါပြောတယ်၊ အေး!!!
အဲ့ကောင်မကိုမတွေ့ရင်မင်းညီမကို ငါသိမ်းမယ်လို့လည်းပြောခဲ့တယ်နော်၊ အခုငါသိမ်းတော့မှာ၊ သေချာကြည့်ထားနော် "
YOU ARE READING
ဖူးစာ❤️
RomanceDon't leave me even tho I told u to leave, Cause u are my destiny baby ❤️