ဆော့မက်သရူးရဲ့ အပြုံးကိုမြင်ပြီးတဲ့နေ့ကတည်းက ဆောင်းဟန်ဘင်းရဲ့ဘဝကြီးက ကမောက်ကမ ဖြစ်ရတော့တာများ လူကြားမကောင်း သူကြားမကောင်းပါပဲ။
မျက်လုံးမှိတ်ထားရင်တောင် အဲ့ဒီ့သောက်ကလေးလေးရဲ့အပြုံးတွေကို ရှင်းရှင်းလင်းလင်းမြင်နေရတဲ့အထိ ဘာတွေကများ ညို့ထားလိုက်သလဲမသိပေမယ့် အဲ့အပြုံးတွေကို မြင်ယောင်မိတိုင်း သွေးခုန်နှုန်းတွေ တဒိတ်ဒိတ်တက်လာတာက သွေးရိုးသားရိုး မဟုတ်မှန်း သတိမထားမိရလောက်အောင်အထိတော့ ဟန်ဘင်းက မတုံးပါဘူး။
ဒါ့ထက်ပိုပြီး သွေးရိုးသားရိုးမဟုတ်တာကတော့ ဟန်ဘင်းက အဲ့ဒီ့အပြုံးတွေကို ထပ်ပြီးမြင်ချင်နေမိတာပဲ။
အဲ့ဒီ့တော့ Faculty of Artsရဲ့ campus kingဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း သူ့မှာမထောက်နိုင်တော့ဘူး။ ဆော့မက်သရူးဆိုတဲ့ သောက်ကလေးလေးကို မနက်တစ်ခါ၊ နေ့လည်တစ်ခါ သွားချောင်းရတာက ဆောင်းဟန်ဘင်းရဲ့ နေ့စဉ်လုပ်ငန်းတာဝန်တစ်ခု ဖြစ်လာတယ်။
တစ်ခါတစ်လေများ ဟန်ဘင်းကံကောင်းတဲ့နေ့တွေဆို သူသိပ်တွေ့ချင်တဲ့ မက်သရူးရဲ့အပြုံးလေးတွေကို တွေ့ရတတ်တယ်။ အဲ့ဒီ့လိုနေ့မျိုးတွေကတော့ ဆောင်းဟန်ဘင်းအတွက် သိပ်ကိုတန်ဖိုးရှိတဲ့နေ့တွေပါပဲ။
ဟန်ဘင်းရဲ့သူငယ်ချင်းတွေကတော့ ပြောတယ်။ ဆော့မက်သရူးနဲ့တွေ့မှ ဆောင်းဟန်ဘင်းက အဲ့သလောက်ရုပ်ပျက်ဆင်းပျက် ကြွေဆင်းသွားရသလားတဲ့။
သူလည်း အဲ့ဒီ့ ပိစိပေါက်စ သောက်ကလေးလေးရဲ့ အပြုံးကို ဒီလောက်အထိ စွဲလမ်းမိသွားလိမ့်မယ်လို့ ဘယ်ထင်ခဲ့ပါမလဲ။ တစ်သက်လုံး အချစ်ကို အယုံအကြည် မရှိပါဘူးဆိုပြီး ဟစ်ကြွေးလာတဲ့ ဟန်ဘင်းက ဘာမှ ပြန်မပြောနိုင်ဘူး။
အင်း...မက်သရူးရဲ့ အပြုံးတွေကပဲ...ဒီအတိုင်း... အချစ်ဖြစ်မယ်ထင်ပါတယ်..။
--------------------------
အချစ်ဆိုတာ သေချာတာနဲ့ မက်သရူးနဲ့ နီးစပ်ဖို့အတွက် သူ့ဘက်ကလှမ်းရတဲ့ ပထမဆုံး ခြေလှမ်းက အရမ်းလွယ်ကူနေတာမျိုးတော့ မဟုတ်ဘူး။
YOU ARE READING
10 REASONS TO LOVE YOU
Fanficအဲ့ဒီ့ကောင်ငယ်လေးကို ချစ်ရတဲ့ အကြောင်းပြချက်က 10ခုတိတိ... Part II of 10 Things I Hate About You