"GBV (Gender Based Violence - ကျား/မအခြေပြု အကြမ်းဖက်မှု) အကြောင်း ရေးရင် ကောင်းမလားလို့တော့ စဉ်းစားမိတယ်...ဒါပေမယ့် social constructs (လူမှုစံနှုန်း) တွေကြောင့် အမျိုးသမီးတွေ ခံစားရတဲ့ ခွဲခြားဆက်ဆံခံရမှုတွေအကြောင်းလည်း ရေးချင်တယ်...အာဖဂန်က Virginity Test (အပျိုစင် စမ်းသပ်မှု) လိုကိစ္စမျိုးတွေလေ...အခုထိ ဘယ်ဟာရေးရမလဲတော့ သေချာအရွေးမတတ်ဘူးဖြစ်နေတယ်..စီနီယာရော တခြားတွေးမိတာမျိုးရှိလား"
မက်သရူးရဲ့စကားကို နားထောင်ရင်း ဟန်ဘင်းရဲ့ ခေါင်းထဲလည်း အပြေးအလွှားစဉ်းစားတွက်ချက်နေရတယ်။
အာဖဂန်မှာ အမျိုးသမီးတွေ ခံစားနေရတဲ့ ခွဲခြားဆက်ဆံခံရမှုတွေက တကယ်ကို ဆိုးဝါးတယ်။ အာဖဂန်မှာ အမျိုးသမီးတွေဟာ အိမ်ကထွက်ပြေးတာ၊ ချစ်သူရည်းစားနဲ့ လက်မထပ်ခင် အတူနေတာမျိုးတွေအတွက် Moral crimesတွေနဲ့ စွတ်စွဲခံရပြီး အပျိုစင်စစ်ဆေးမှုကို ခံယူကြရတယ်။
ယောကျာ်းလေးတစ်ယောက်နဲ့ သဘောရိုး အတူယှဉ်တွဲပြီး သွားလာမိရုံနဲ့တင် အာဖဂန် အမျိုးသမီးတွေအတွက် Moral Crimesတွေနဲ့ စွတ်စွဲခံရနိုင်ပြီး virginity test အတင်းအကြပ် စစ်ဆေးခံရဖို့ လုံလောက်ပါသတဲ့။ ဒီTopicက ဟန်ဘင်းတို့အတွက် တကယ်ကို ရေးသင့်တဲ့အကြောင်းအရာပါပဲ။ ဒါပေမယ့် တစ်ဖက်မှာလည်း အချိန်က သိပ်မရှိတာကြောင့် အာဖဂန်အကြောင်းရေးတဲ့နေရာမှာ Local context ကို သေချာလေ့လာဖို့ အချိန်မရမှာလည်း စိုးရတယ်။
ဆိုတော့ Local contextနဲ့လည်း ရင်းနှီးပြီးသားဖြစ်တဲ့အပြင် အခုလက်ရှိ hot issueလည်း ဖြစ်နေတဲ့ ကိုရီးယားရဲ့ digital sex crimesအကြောင်းကို ရေးတာက အချိန်လည်းလုံလောက်ပြီး ပိုပြီးတော့လည်း ပိုင်ပိုင်နိုင်နိုင်ရေးနိုင်လောက်မယ်လို့ ဟန်ဘင်းကတွေးတယ်။
"အင်း...GVBဆိုရင် digital sex crimesအကြောင်းရေးကြမလား...ကိုးရီးယားမှာလည်း spy-camera caseတွေက အရမ်းများတော့ ကိုယ်တို့ local context နဲ့ ချိတ်ပြီးရေးလို့ရတယ်...အဆင်ပြေရင် victim interviewတွေတောင်ထည့်လို့ရနိုင်လောက်တယ်...မက်သရူးရော ဘယ်လိုထင်လဲ..."
မက်သရူးနဲ့ဟန်ဘင်းက ဒီနေရာမှာတော့ အတွေးတူကြပုံရတယ်။ ဟန်ဘင်းရဲ့ အမြင်ကို မက်သရူးက လက်ခံတဲ့အပြင် ပြည်တွင်းဥပဒေတွေကိုပါ Analysis လုပ်ပြီး ထည့်ဖို့အကြံပေးတယ်။ ဟန်ဘင်းကို သိပ်အမြင်မကြည်ပုံ မရတဲ့ကောင်လေးဟာ စာအကြောင်း ဆွေးနွေးပြီဆိုရင်တော့ ဟန်ဘင်းပြောသမျှကို အလေးအနက်ထားပြီး နားထောင်တတ်တယ်။ ကြည့်ရတာ သူစိတ်ဝင်စားတဲ့ Topic လည်းဖြစ်နေပုံပါပဲ။ တက်တက်ကြွကြွကလေးဖြစ်နေတာက သဘောကျချင်စရာ။
YOU ARE READING
10 REASONS TO LOVE YOU
Fanfictionအဲ့ဒီ့ကောင်ငယ်လေးကို ချစ်ရတဲ့ အကြောင်းပြချက်က 10ခုတိတိ... Part II of 10 Things I Hate About You