Five

1K 152 33
                                        

မနက်ဖြန် ကိုယ့်ရဲ့Graduation Partyတော့ လာပေးမယ်လားကိုယ်တော့ မက်ရူးကို လွမ်းလွန်းလို့ ရူးတော့မှာပဲကွာ...

Deliveredဖြစ်သွားတဲ့ စာလေးကို ဟန်ဘင်းက စိုက်ကြည့်တယ်။ ဒီရက်ပိုင်း မက်သရူးက သူ့ကိုလုံးဝအ‌အတွေ့မခံပါ။ သူ့ဘက်က ဆက်တိုက်ခေါ်နေတဲ့ ဖုန်းတွေကိုပါ မကိုင်တော့တာမို့ ဟန်ဘင်းမှာ မျက်နှာလေးမပြောနဲ့ အသံလေးတောင် ကြားခွင့်မရ။ 

ကြည့်နေရင်းပဲ ဟန်ဘင်းရဲ့စာလေးက Seenဖြစ်သွားတယ်။ ဒါပေမယ့် အတော်ကြာတဲ့အထိ တစ်ဖက်က ဘာတုန့်ပြန်မှုမှ‌တော့ရောက်မလာပါ။ ဟန်ဘင်းက သက်ပြင်းမော တစ်ချက်ကို ချမိတယ်။ သူ့ရင်ထဲမှာဖြစ်နေတဲ့ အပူမီး ဘယ်လောက်ကြီးသလဲ သူသာသိသည်။

မက်သရူးမကြိုက်တာ တစ်ခုခုများ ဟန်ဘင်းလုပ်လိုက်မိလေသလား...။ ကိုယ့်ဘာသာတော့ ဘာအမှားမှ မလုပ်ခဲ့မိဘူးလို့ ထင်တာပဲ။

ဆော့မက်သရူးဆိုတဲ့ အရမ်းရိုးရှင်းတဲ့ကောင်လေးရဲ့ မျက်ဝန်းကြည်ကြည်လေးတွေထဲမှာ ဟန်ဘင်းအတွက် အချစ်တွေကို ဟန်ဘင်းက အတိုင်းသား မြင်နေခဲ့ပါတယ်။ မက်သရူးက ဒီအတိုင်း..သူ့ကိုမယုံကြည်ရဲသေးလို့ တွန့်ဆုတ်နေခဲ့မှန်းလည်း ဟန်ဘင်းက သိတယ်။ ဒါကြောင့်လည်း ဟန်ဘင်းကိုယ်တိုင် မက်သရူး ယုံကြည်ရလောက်အောင် ကြိုးစားခဲ့ပေမယ့် သူတို့ကြားထဲ ဘယ်နေရာကနေ စပြီးလွဲသွားခဲ့ပါသလဲ။

‌ဘယ်နေရာကနေစလွဲလွဲ ဟန်ဘင်းက ရတဲ့နည်းနဲ့ ပြန်တည့်မတ်အောင် လုပ်မှာမို့ မက်သရူး မင်းတစ်ယောက်ကတော့ ကိုယ့်ကို ဘယ်တော့မှ ထားခဲ့လို့ မရဘူး။

------------------

"Congratulationsနော် စီနီယာ"

"Congratsငါ့ကောင်"

ဘေးမှာ ဆူညံနေတဲ့ အသံတွေကြားမှာ ကိုယ်ဘွဲ့ရတာကိုတောင် ဟန်ဘင်းမှာ ဝမ်းမသာနိုင်။ ဘီယာတောင် မသောက်နိုင်ဘဲ whisky sourတစ်ခွက်နဲ့ ထိုင်နေခဲ့တဲ့ ဟန်ဘင်းက ဟန်လုပ်ပြီးတောင် ပြုံးမ‌နေနိုင်ခဲ့ပါ။

10 REASONS TO LOVE YOUWhere stories live. Discover now