Four

1K 133 41
                                    

"မနက်စာရောစားခဲ့ရဲ့လား ကိုကို...ရော့ မသွားခင် sandwich နဲ့ ကော်ဖီလေး အရင်သောက်ဦး"

ဒီလိုရက်မျိုးဆို ဘာအစားမှ သိပ်မဝင်တတ်တဲ့ ဟန်ဘင်းအကြောင်းကို သိတဲ့မက်သရူးက ကားထဲဝင်လာတာနဲ့ sandwichဘူးလေးနဲ့ ကော်ဖီဘူးလေးကို ကမ်းပေးရင်း အစားစားဖို့ကို တိုက်တွန်းတယ်။

"ကျွန်တော်လည်း မစားခဲ့ရသေးဘူး အရင်စားကြရအောင်"

ပြောပြောဆိုဆိုပဲ မက်သရူးက ဟန်ဘင်းဘက်ကို ကိုယ်လေးယိမ်းလာပြီး သူလုပ်နေကျအတိုင်း ဟန်ဘင်းရဲ့ပါးကိုတစ်ချက်မော့နမ်းတယ်။

ဟန်ဘင်းတစ်ယောက်တည်းဆို မစားမှာစိုးလို့ သူပါမစားခဲ့တာမှန်း ရိပ်မိနေတဲ့အခါ ဟန်ဘင်းက သူရှေ့ကကောင်ငယ်လေး အချစ်ပိုရတယ်။ စားချင်စိတ်လုံးဝရှိမနေပေမယ့် သူ့ကြောင့် မက်သရူး မနက်စာမလွတ်စေချင်တာမို့ ဟန်ဘင်းက sandwich ထည့်ထားတဲ့ ဖန်ဗူးအကြည်လေးကို ဖွင့်လိုက်တယ်။ နောက်အထဲက sandwich တစ်ခုကို ထုတ်ပြီး မက်သရူးကို အရင်ခွံတယ်။ နောက်တော့ မက်သရူးစားလက်စကိုပဲ သူပါတစ်ချက်ကိုက်လိုက်တယ်။

"ကောင်းတယ်မလား...မေမေလုပ်ပေးလိုက်တာလေ..ကျွန်တော် ကြိုက်တဲ့ Tunaနဲ့လုပ်ပေးပါလို့ ပြောတာကို မရဘူးဗျာ...သူ့သမက်အကြိုက် Baconနဲ့ပဲ လုပ်ပေးလိုက်တယ်...ဘယ်မလဲ ဆော့မက်သရူးလေးအတွက် တရားမျှတမှု"

မက်သရူးက မျက်နှာလေးကို ချစ်စဖွယ်မဲ့ရင်း မျက်လုံးလေးကိုပါ အပေါ်လှန်ကြည့်ပြီး အရွှန်းဖောက်တယ်။

"အင်း...ဒါကတော့ မေမေက သူ့သားလေးထက် ကိုယ့်ကိုပိုချစ်လို့နေမှာပေါ့"

ဟန်ဘင်းက သူပါ မက်သရူးနဲ့အတူ သံယောင်လိုက်ပေးလိုက်ရင်း ပေါ့ပေါ့ပါးပါးဟန်ဖမ်းတယ်။ သူ့စိတ်အဆင်ပြေအောင် မက်သရူးကြိုးစားပေးနေတာကို သူ့ဘက်ကလည်း ပူးပေါင်းပေးရမှာပေါ့။

ဟန်ဘင်းရဲ့စကားကိုကြားတဲ့အခါ မက်သရူးက "ဖြစ်ရလေ"ဆိုတဲ့ဟန်နဲ့ ပခုံးတစ်ချက်တွန့်ပြီး မျက်ဆံလေးပါ လည်ပြတယ်။ အဲ့ဒီ့ပုံလေးက သိပ်ချစ်ဖို့ကောင်း‌နေတာမို့ ဟန်ဘင်းက ရှေ့ကပေါက်စလေးရဲ့ ခေါင်းလေးကိုတစ်ချက်ပုတ်ပြီး ဒီတစ်ခါတော့ တကယ်ကို သဘောတကျပြုံးမိ‌ပါ‌တော့တယ်။

10 REASONS TO LOVE YOUWhere stories live. Discover now