Seven

1K 126 29
                                    

"စိတ်လှုပ်ရှားနေတာလား"

"အင်း နည်းနည်း"

စိတ်လှုပ်ရှားလွန်းပြီး လက်ဖျားကလေးတွေပါ အေးစက်နေတဲ့ မက်သရူးက ဟန်ဘင်းကို သေချာတောင် ပြုံးမပြနိုင်ရှာ။ မက်သရူးရဲ့ အကျင့်တစ်ခုက တစ်စုံတစ်ရာနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေပြီဆို မျက်နှာထားက လုံးဝကိုတည်ကျသွားပြီး အပြုံးအရယ်လေးပျောက်သွားတတ်တယ်။ ဒါ့အပြင် သူ့အကျင့်အတိုင်း လက်ဖမိုးလေးနဲ့ ပါးလေးကို မကြာခဏထိနေတတ်တယ်။

မက်သရူးရဲ့ လက်ကလေးတွေကို သူ့ရဲ့လက်တွေထဲ ထွေးဆုပ်အနွေးဓာတ်ပေးရင်း ဟန်ဘင်းကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေတာကို တတ်နိုင်သလောက်ထိန်းထားရတာက သိပ်တော့မလွယ်ကူပါ။

ဒါပေမယ့်လည်း သူကိုယ်တိုင်က အရမ်းကြီး တုန်လှုပ်ပြနေလို့ မဖြစ်တာမို့ သူ့လက်ထဲက မက်သရူးရဲ့ လက်ဖမိုးလေးကို ခပ်ဖွဖွနမ်းရင်းပဲ ဟန်ဘင်းက စိတ်ကိုတည်ငြိမ်အောင် ထိန်းရတယ်။ ဒါကိုသတိထားမိပုံရတဲ့ မက်သရူးက ဟန်ဘင်းကို မော့ကြည့်လာတယ်။ နောက်တော့ ဘေးတစ်စောင်းအနေအထားနဲ့ပဲ သူ့လက်ကလေးနှစ်ဖက်နဲ့ ဟန်ဘင်းကို ပွေ့ဖက်ပေးလာတယ်။

ဒီလိုပါပဲ...။ မက်သရူးက အချစ်ကို စကားလုံးတွေ အများကြီးနဲ့ ဖော်ပြတာထက် ဒါမျိုးအပြုအမူလေးတွေနဲ့ ဖော်ပြတတ်တဲ့ ကောင်ကလေး။ ဒီကောင်လေးက ဒီလိုပုံစံလေးနဲ့ပဲ အမြဲတမ်း ဟန်ဘင်းအတွက် emotional supportကလေး ဖြစ်ပေးခဲ့တာ လွန်ခဲ့တဲ့ ခြောက်နှစ်လုံးပါပဲ။

ဟန်ဘင်းက သူ့ကိုပွေ့ဖက်ထားတဲ့ မက်သရူးရဲ့လက်ကလေးကို ပြန်ဆုပ်ကိုင်လိုက်ရင်း သူ့ကိုကြည့်နေတာကြောင့် ခပ်မော့မော့ကလေးဖြစ်နေတဲ့ မက်သရူးရဲ့ နှုတ်ခမ်းလေးကို ငုံ့မိုးနမ်းဖို့ပြင်နေတုန်းမှာပဲ...

"ဟော..."

ရုတ်တရက် အခန်းတံခါးက ပွင့်လာပြီး အသံနဲ့အတူ ပေါ်လာတဲ့ မမရယ်ဘင်း။ မမရယ်ဘင်းကို မြင်တော့ ဟန်ဘင်းက ငုံထားတဲ့ ခေါင်းကို ခပ်မြန်မြန် ပြန်မတ်သလို ဟန်ဘင်းကို ဖက်ထားတဲ့ မက်သရူးက ကပျာကယာပဲ နောက်ကိုဆုတ်သွားတယ်။ အစ်မဖြစ်သူရှေ့မှာ နမ်းလုနီးနီးအခြေအနေကို တွေ့သွားတာမို့ ရှက်သွားပုံရတဲ့ မက်သရူးက နားရွက်ဖျားလေးတွေပါ နီရဲတက်လာတယ်။

10 REASONS TO LOVE YOUWhere stories live. Discover now