"အဲ့ဒါများ ကိုကို အစကတည်းက ဘာလို့များ မိန်းမတစ်ယောက်ကို လက်မထပ်ခဲ့ရတာလဲ"
ဟန်ဘင်းရဲ့ မျက်လုံးတွေထဲကို စူးစိုက်ကြည့်ရင်း သွေးအေးအေး ပြောလာတဲ့ မက်သရူးရဲ့စကား။
ပြောရက်လိုက်တာများ....။
ကိုကိုချစ်တာ မင်းလေ လို့ ဟန်ဘင်းက တုန့်ပြန်ချိန်မရလိုက်ခင်မှာပဲ မက်သရူးက ဟန်ဘင်းကို ကျောခိုင်းကာ ချန်ရစ်ခဲ့တယ်။
ဧည့်ခန်း ဆိုဖာပေါ်မှာ တစ်ယောက်တည်း ကျန်ခဲ့ရင်း ဟန်ဘင်းက ကိုယ့်မျက်နှာကိုယ် လက်ဖဝါးတွေနဲ့ ပွတ်သပ်မိတယ်။ မက်သရူးရဲ့စကားက ဟန်ဘင်းရဲ့ အသည်းနှလုံးကို သွေးစိမ်းရှင်ရှင်ကြားထဲက ဆွဲထုတ်သလို နာကျင်စေတာက ပြောတဲ့သူက မက်သရူးဖြစ်နေလို့ ဖြစ်လိမ့်မယ်။
ဟန်ဘင်း သိပ်လောဘကြီးမိသွားတာလား။ ဒီအတိုင်း....သူက မက်သရူးနဲ့ မိသားစုဘဝလေး တစ်ခုဖန်တီးချင်ရုံပါ။ အင်း...နောက်ပြီး ကလေးနဲ့ဆိုတဲ့ သံယောဇဉ်နဲ့ချည်ပြီး မက်သရူးကိုများ သူ့ဘေးနားဆွဲ ဆွဲထားနိုင်လေမလားဆိုတဲ့ မျှော်လင့်ချက်ရေးရေးကလေး ပါတာကိုလည်း ဝန်မခံချင်ပေမယ့် ဝန်ခံရမယ်။
"အစ်ကိုဟန်ဘင်းရော အစ်ကိုမက်သရူးနဲ့ နယ်လ်သာလန်ကို တစ်ခါတည်းလိုက်သွားမှာလား"
လွန်ခဲ့တဲ့ နှစ်ပတ်လောက်က မက်သရူးကို ရုံးဆင်းချိန်သွားကြိုရင်း မက်သရူးရဲ့ဂျူနီယာလေးရဲ့စကားကို ဘာတုန့်ပြန်ရမလဲ မသိခဲ့။ သူကတော့ မက်သရူးကို တစ်ယောက်တည်းရပ်စောင့်နေတဲ့ ဟန်ဘင်းကို နှုတ်ဆက်ရင်း အာလပသလာပ အနေနဲ့ ပြောတဲ့စကားသက်သက်သာ ဖြစ်တယ်။ မက်သရူးက ဟန်ဘင်းကို ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခွန်းတစ်ပါဒမှ မဟသေးပါ။ ဟန်ဘင်းသိပြီးသားလို့လည်း ထင်နေပုံရတဲ့ တစ်ဖက်ကတော့ သူ့စကားသူဆက်၍
"ဟိုမှာ နှစ်နှစ်လောက်လုပ်ပြီး ဒီပြန်ရောက်ရင်လည်း တစ်ခါတည်း promotion က ရှိဦးမှာ...အားကျပါတယ်ဗျာ"
ဆိုတော့ ရက်ပိုင်းပဲကြာမယ့် business tripမဟုတ်ဘဲ နှစ်နဲ့ချီပြီး LBUပြောင်းရတာပေါ့။ ဒီလိုကိစ္စမျိုးကို မက်သရူးက ဟန်ဘင်းကို ဘာကြောင့်များ ဖုံးကွယ်ထားရပါသလဲ။ တကယ်တော့ မက်သရူးနဲ့ နှစ်နဲ့ချီပြီး ခွဲဖို့ဆိုတာ ဟန်ဘင်းအတွက်တော့ တွေးတောင်မကြည့်ရဲတဲ့ အနာဂတ်ပါပဲ။
YOU ARE READING
10 REASONS TO LOVE YOU
Fanfictionအဲ့ဒီ့ကောင်ငယ်လေးကို ချစ်ရတဲ့ အကြောင်းပြချက်က 10ခုတိတိ... Part II of 10 Things I Hate About You