love song 7

597 46 3
                                    

ပွဲပြီးသွားတော့ခြေထောက်တွေကိုက်လာတာကြောင့်နားနေခန်းထဲမှာခဏထိုင်နေလိုက်သည်

ခမ်းမအကျယ်ကြီးကိုရှေ့နောက်လျှောက်ရလွန်းလို့ခြေထောက်တွေကနီရဲကာကိုက်လာရသည်

စီးထားတဲ့ဒေါက်ကြောင့်လည်းပါသည်
အတော်နာနေတာကြောင့်ကိုယ့်ဘာသာနှိပ်နေမိ
သည်

"nini"

လှည့်ကြည့်လိုက်တော့jiji

jiji ဒီရက်ပိုင်းအတွင်းမှာဘယ်လောက်ခံစားနေရ
ကြောင်းကိုချောင်ကျသွားတဲ့မျက်နှာနဲ့မျက်ကွင်း
ညိုညိုတွေကဖော်ပြသည်

အညိုရောင်ကုတ်အင်္ကျီနဲ့jiji ပုံစံကနွမ်းလျလျ

"jiji လာလေ"

nini လမ်းခေါ်မှအထဲကိုဝင်လာသည်

"nini ဒီနေ့အရမ်းကိုလှတာပဲသိလား"

နှုတ်ခမ်းတွေကပြုံးနေပေမဲ့မျက်လုံးအိမ်တွေက
မျက်ရည်တွေဝေ့နေသည်

"အင်း ကျေးဇူး"

ဂါဝန်အဖြူရောင်ကားကားလေးနဲ့nini ကတကယ့်အရုပ်ကလေးတစ်ရုပ်လို

ဆံပင်တွေကိုစုပြီးထုံးထားတာကြောင်နားသပ်မွှေးလေးတွေမြင်နေရတာကမြတ်နိုးစရာအတိ

လည်တိုင်ရှင်းရှင်းလေးမှာ
ဘာရတနာမှမဆင်ထားတာကြောင့်
လည်တိုင်ကျော့ကျော့လေးကnini ကို
ပိုကျက်သရေရှိအောင်ပံ့ပိုးထားသည်

"ခြေထောက်နာနေတာလား"

"အင်း ....လမ်းလျှောက်တာများသွားလို့လေ"

nini ရှိရာလျှောက်လာပြီးjiji ကniniဖိနပ်တွေကိုအသာချွတ်​ပေးပြီး

ခြေထောက်တွေကိုအသာအယာစတင်နှိပ်
ပေးသည်
အရင်ကနှိပ်ပေးနေကြဆိုပေမဲ့ခုတော့တစ်မျိုးကြီးခံစားရသလို
ဒါပေမဲ့လည်းမတားမိ
မတားရက်တာဆိုပိုမှန်လိမ့်မည်

"ဘယ်တုန်းကရောက်တာလဲအထဲမှာမတွေ့မိလို့"

"လွန်ခဲ့တဲ့၁နာရီလောက်ကရောက်တာမတွေ့ဖူးဆိုတာအထဲမဝင်ဘဲအပြင်မှာထိုင်နေတာလေခုတောင်nini ထွက်လာတာတွေ့လို့နောက်ကလိုက်လာတာ"

love  songWhere stories live. Discover now