"အား...ကျွတ် ကျွတ်"
နိုးလာတာနဲ့လူကမထူနိုင်လောက်အောင်မူးနှောက်နေသည်
nini အိမ်ထဲမှာအောင်းနေတာ ၃ ရက်ရှိသွားပြီ
ဒီရက်တွင်းမှာjijiဟာလုံးဝမဆက်သွယ်လာသလိုတောင်းပန်ခြင်းလည်းမရှိ
ငယ်ငယ်လေးတည်းကရင်းနှီးခဲ့ပြီး
ချစ်သူသက်တမ်း၆နှစ်အတွက်jiji ခံစားချက်ကသူ့အပေါ်ဒါအကုန်ပဲလားလို့
တွေးမိရင်းရင်ထဲကပေါက်ထွက်မတတ်ကိုနာကျင်ရသည်မှန်ထဲမြင်လိုက်ရတဲ့ကိုယ့်ပုံစံကိုယ်ကြည့်ပြီး
ဟက်ကနဲရယ်ချလိုက်သည်ဆံပင်တွေဖွာလန်ကြဲနေပြီးမျက်ကွင်းတွေညိုနေသည်မှာမြင်မကောင်းနှုတ်ခမ်းတွေဖြူဖျော့နေသည်မှာလူမမာသည်တစ်ယောက်လို
၃ရက်လောက်အသည်းကွဲဒဏ်ကိုအလူးအလဲခံစားနေတာကြောင့်အလုပ်ပင်မသွားနိုင်
တစ်ယောက်ယောက်ကိုရင်ဖွင့်ချင်ပေမဲ့
သူ့ကိုပဲကြည့်ပြီးနေလာတဲ့niniမှာရင်ဖွင့်စရာသူ
ငယ်ချင်းတောင်မရှိဘူးဆိုတာသူသိမှသိပါလေစမနေနိုင်တဲ့အဆုံးအပြင်ထွက်လာလိုက်သည်
nini ပုံစံကတစက်မှကြည့်မကောင်းနေမှန်းလမ်းကလူတွေမှလှည့်ကြည့်လှည့်ကြည့်နဲ့သရုပ်ဖော်သွားကြသည်
ရောက်တဲ့နေရာကြည့်လိုက်တော့သူနဲ့အတူလာနေကြကော်ဖီဆိုင်လေး
"ဒီမျက်ရည်တွေကကျကျနေတာပဲတော်လိုက်ပါ
တော့nini ရဲ့တော်လောက်ပြီလေ"ကိုယ့်ကိုကိုယ်မထိန်းနိုင်စွာထိုင်ချပြီးငိုမိပြန်သည်
လူတွေကွက်ကြည့်ကွက်ကြည့်လည်းသူမ
မသိတော့တနေကုန်လျှောက်ရင်းလျှောက်ရင်းနဲ့တနေရာရောက်တော့ခြေလှမ်းတွေရပ်တန့်သွားရသည်
jiji နဲ့ဟိုမိန်းမ
jiji ကကားတံခါးကိုဖွင့်ပေးနေကာဟိုမိန်းမကတက်သွားသည်
nini အမြဲထိုင်နေကြခုံကိုလေ
ခံစားရလွန်းလို့ရင်တွေစုတ်ပြတ်နေတောင်
ရယ်နေတဲ့သူ့ကိုကြည့်ပြီးအရူးလိုပြုံးမိသေးတာ
YOU ARE READING
love song
Romanceကိုယ်ရေးထားတဲ့သီချင်းကို မင်းပဲနားထောင်ခွင့်ရှိတာပါ chaeyoung ဘဝကြီးကမျှော်လင့်သလိုမဖြစ်တာ ဒီတစ်ခေါက်စိတ်အပျက်ဆုံးပဲ jennie #ပထမဆုံးရေးမိတဲ့ chaennie fic လေးပါ