"အာ ကြယ်သီးပေါက်တွေကလည်းကြပ်လိုက်တာ"
ယောင်း nini စီကြည့်ပြီးပြောနေပေမဲ့ nini က
ယောင်းကိုကြည့်မလာ
မနက်ကတည်းကလုပ်စရာရှိတာတွေလုပ်ပေးနေပေမဲ့စကားတစ်လုံးမှမပြော
ညကကိစ္စကောက်နေတာထင်သည်"nini ယောင်းကိုကြယ်သီးလေးတပ်ပေးပါဦး"
ပြောလိုက်တော့မှနို့ရည်လိမ်းနေရာကနေထလာသည်
ကြယ်သီးတပ်ပေးနေပေမဲ့နှုတ်ခမ်းတွေကစူနေ
သည်
စိတ်ဆိုးချင်သာဆိုးနှုတ်ခမ်းတွေကိုငုံ့နမ်းပစ်
လိုက်သည်"ဘုန်း"
ရင်ဘတ်ကိုထုလိုက်တာများငြင်ငြင်သာသာ
မဟုတ်"အာ့ နာလိုက်တာ nini ကအရမ်းလုပ်တာ
ပဲ"ယောင်းကပြောလိုက်ပေမဲ့ nini ကမျက်စောင်း
ထိုးကာလှည့်ထွက်သွားတာကြောင့်နောက်က
နေဖက်လိုက်သည်"ပတ်ချယ်ယောင်း ငါစိတ်တိုနေတယ်
ခုချက်ချင်းလွှတ်နော်""မလွှတ်ဘူး nini ညကကိစ္စစိတ်ဆိုးနေတာ
မဟုတ်လား"nini ကဘာမှမပြောဘဲအတင်းရုန်းနေတာကြောင့်ထပ်တိုးဖက်လိုက်ကာလည်တိုင်လေးကိုနမ်းလိုက်တော့လက်တွေကိုကိုက်လာသည်
"အားးး nini နာတယ်နော်"
ယောင်းလက်တွေခါရင်း nini ကိုလွှတ်လိုက်တော့ nini ကယောင်းကိုကြည့်ကာ
"သေလေ ငါ့ကိုလာမထိနဲ့ပတ်ချယ်ယောင်း
ငါစိတ်မကြည်ဘူးလို့ပြောထားတယ်နော်"nini တော်တော် စိတ်တို နေတဲ့ပုံ
ညကကိစ္စကအဲ့လောက်စိတ်ဆိုးသွားစရာလိုလို့
လား"nini ကလည်းဘာလို့အဲ့လောက်စိတ်တိုနေ
တာလဲညက ယောင်းဖုန်းဆက်တာ nini က
မကိုင်လို့စိတ်ပူသွားတာလေ
nini ကဖုန်းစက်ပိတ်လေ့မှမရှိတာကို
အဲ့တာယောင်းလည်းအိပ်မပျော်တော့ဘူးလေ
အဲ့တာကြောင့်အိမ်ထိလိုက်လာတာလေ
ပြီးတော့ nini လည်းသိတာပဲယောင်း nini
မရှိရင်အိပ်မှမပျော်တာ"အိမ်သားတွေအများကြီးရှိလည်းယောင်းတို့ဂရု
မစိုက်နိုင် nini နောက်တကောက်ကောက်လိုက်ပြီးချော့နေပေမဲ့
nini ကစကားတစ်လုံးမှပြန်မပြောသေး
YOU ARE READING
love song
Romanceကိုယ်ရေးထားတဲ့သီချင်းကို မင်းပဲနားထောင်ခွင့်ရှိတာပါ chaeyoung ဘဝကြီးကမျှော်လင့်သလိုမဖြစ်တာ ဒီတစ်ခေါက်စိတ်အပျက်ဆုံးပဲ jennie #ပထမဆုံးရေးမိတဲ့ chaennie fic လေးပါ