"ဖေကြီး nini အိမ်ရောက်နေတယ်"
"ဟုတ်လားငါလည်းသမီးနဲ့တွေ့ချင်နေတာအတော်ပဲ"
"ထမင်းစားခန်းထဲမှာဖေကြီးပြန်လာရင်စားလို့ရ
အောင်ပြင်ဆင်နေလေရဲ့"ဇနီးသည်ကိုအိတ်ပေးလိုက်ပြီးထမင်းစားခန်းကိုအရင်ဝင်လိုက်သည်
သမီးလေးတစ်ယောက်တည်းရှိတာကြောင့်အိမ်ခွဲ
မနေစေချင်ပေမဲ့သမီးရဲ့အလုပ်ကဝေးတာကြောင့်ခွင့်ပြုထားခဲ့ရသည်"ဖေကြီးးး"
ပြေးဖက်လာတဲ့သမီးကိုပြန်ဖက်ထားရင်း
"အင်းးးး....nini တစ်ယောက်တော့ချွဲနေပြီဖေကြီးရေ
ဘာလိုချင်ပြန်သလဲမသိဘူး""အာ...မေကြီးကလည်းnini ကဘာမှ
မလိုချင်ပါဘူးဒီတိုင်းဖေကြီးနဲ့မေကြီးကို
လွမ်းလို့လာတာကို""nini ဒီနေ့ကုမ္ပဏီမသွားရဘူးလား"
"ဒီနေ့ပိတ်တယ်ဖေကြီးရဲ့အိမ်ကိုလဲလွမ်းလို့
လေ"ဖေကြီးကိုသောက်ရေငှဲ့ပေးရင်းပြောလိုက်သည်
"လွမ်းတဲ့လူကလဲအိမ်ကို ၂ လတောင်မလာဘူး
ပျောက်နေလိုက်တာ""လာချင်တာပေါ့မေကြီးရဲ့ဒီတလောအလုပ်တွေ
များနေလို့ပါ"မေကြီးကိုနောက်ကဖက်ရင်းပြောလိုက်သည်
"ဟုတ်မှာပါမိန်းမရဲ့ငါ့သမီးကိုမဆူပါနဲ့"
"အမလေးမဆူပါဘူးတော်ကျမကစိတ်ပူလိုပါ"
အငြင်းအခုံလုပ်နေတဲ့ဖေကြီးနဲ့မေကြီးကိုကြည့်
ပြီးရင်ထဲမှာတင်းကျပ်ကြီးဖြစ်လာသည်ဒီအခြေအနေလေးသာnini ကြောင့်ပြောင်းလဲ
သွားရရင်ဟင့်အင်း.....ဘယ်တော့မှအဖြစ်ခံမှာမဟုတ်ဘူး
"nini......nini..."
"ဟင်....ရှင်ဖေကြီး"
"ဘာတွေတွေးနေတာလဲဖေကြီးခေါ်နေတာ
မကြားရလောက်အောင်""မဟုတ်ပါဘူး...ဖေကြီးရဲ့ပြောလေ"
"jisoo လေးကိုလည်းအိမ်ကိုလာလည်ပါဦးလို့
မတွေ့တာကြာလို့လေသမီးအမေကလည်း
သူ့လက်ရာကိုအားပေးမဲ့သူမျှော်နေလေရဲ့"

YOU ARE READING
love song
Romanceကိုယ်ရေးထားတဲ့သီချင်းကို မင်းပဲနားထောင်ခွင့်ရှိတာပါ chaeyoung ဘဝကြီးကမျှော်လင့်သလိုမဖြစ်တာ ဒီတစ်ခေါက်စိတ်အပျက်ဆုံးပဲ jennie #ပထမဆုံးရေးမိတဲ့ chaennie fic လေးပါ