"အဲ့တာဘာလုပ်နေတာလဲ"
ယောင်းတုန်သွားသည်
နောက်လှည့်ကြည့်လိုက်တော့လေးလုံးမ"အဟမ်း ဘာလုပ်လုပ်နင်နဲ့ဘာဆိုင်လဲ"
လေးလုံးမကဆရာကြီးစတိုင်နဲ့လက်ပိုက်ကာ
"နင်ကျောင်းပြေးမလို့မလားငါဆရာမနဲ့သွားတိုင်
မှာနော်""ဘယ်သူကကျောင်းပြေးနေလို့လည်း"
"ဒီလောက်ခြံစည်းရိုးပေါ်ခွတက်နေတာမြင်တာတောင်ငြင်းနေသေးတယ်"
"အဲ့တာနင်နဲ့ဘာဆိုင်လဲကိုယ်နဲ့မဆိုင်အေးဆေးနေ"
"နေမှာပါဒါပေမဲ့ဆရာကနင်ဘာလို့အတန်းမတက်တာလည်းမေးရင်ငါကမလိမ်တတ်ဘူးနော်"
လေးလုံးမကပြောပြီးလှည့်ထွက်သွားသည်
ယောင်းအဒေါ်ကဒီကကျောင်းအုပ်ဖြစ်တာကြောင့်ယောင်းတစ်ခုခုလုပ်တာနဲ့မိဘတွေဆီပြန်ရောက်မှာအသေအချာ
ပြီးရင် mommy ရဲ့သေအောင်ဆူတဲ့ဒဏ်ကို
ယောင်းကခံရအုံးမည်"ခဏလေး"
ယောင်းခေါ်လိုက်တော့လေးလုံးက လှည့်လာသည်
ဘာလဲဆိုပြီးမေးဆက်ပြသည်"မတိုင်နဲ့ယောင်း နင့်ကိုမုန့်ဝယ်ကျွေးမယ်"
"မလိုပါဘူးငါ့မျက်နှာကမုန့်ဝယ်မစားနိုင်တဲ့ပုံပေါ်နေလို့လား"
အမြင်ကပ်ဖို့ကောင်းတာ
"အဲ့တာဆိုငါကဘာလုပ်ပေးရမှာလဲ"
ပြောလိုက်တော့မှမျက်နှာကဝင်းလက်လာတာ
ကြောင့်ဘာတွေများတောင်းဆိုမလဲရင်ပူသွား
သည်"ဘာမှမလုပ်ပေးနဲ့ငါလည်းကျောင်းပြေးမလို့
နင်ပြန်မတိုင်ကြေးသင်္ချာချိန်ကပျင်းဖို့ကောင်းတယ်မလား"ရယ်ကြဲကြဲနဲ့ပြောလာတဲ့လေးလုံးကိုမျက်စောင်း
ထိုးလိုက်ကာ"အရူး"
......
"နင်ဘာလို့ငါ့နောက်လျှောက်လိုက်နေတာလဲ"
"မလိုက်ပါဘူး"
စိတ်ထဲမှာလိုက်နေတာသေချာရဲ့သားနဲ့မလိုက်ဘူးဆိုတော့လည်းမပြောချင်တော့
YOU ARE READING
love song
Romanceကိုယ်ရေးထားတဲ့သီချင်းကို မင်းပဲနားထောင်ခွင့်ရှိတာပါ chaeyoung ဘဝကြီးကမျှော်လင့်သလိုမဖြစ်တာ ဒီတစ်ခေါက်စိတ်အပျက်ဆုံးပဲ jennie #ပထမဆုံးရေးမိတဲ့ chaennie fic လေးပါ