love song 16

619 58 3
                                    

"ဒီရက်တောတွင်းမတွေ့ဘူးနော်"

"lili  ဖျားနေလို့အမ"

အင်း...ဒါကြောင့်မျက်နှာလေးချောင်သွားတာကို

"အခုကောသက်သာရဲ့လား"

"သက်သာပါတယ် အမဒီရက်ထဲလာသေးလို့လား"

"အင်းလာတယ်လေ
lisa နဲ့လည်းတွေ့မလားလို့"

"အမလည်းရင်ဖွင့်ဖို့လူရှာနေတာလား"

"lisa သိသွားပြန်ပြီ"

"အမမျက်နှာမှာရေးထားတာကို"

"lisa ကဗေဒင်ဆရာမလား"

"ဗေဒင်ပညာတော့မတတ်ပါဘူးလူကဲခတ်ပညာ
တော့ပါရမီပါတယ်လို့ပြောရမှာပဲ"

"lisa ရှေ့ရောက်ရင်တော့အမူအရာတွေထိန်းသိမ်းမှရတော့မယ်"

"lili ကအဲ့လောက်ကြီးလည်းမဟုတ်ပါဘူး"

"ဒါနဲ့မနက်ဖြန် အမ ပန်းချီပြပွဲလေးတစ်ခုသွား
မလို့လေလက်မှတ်က ၂  စောင်ဆိုတော့ lisa
လိုက်ချင်လား"

"လိုက်ချင်ပေမဲ့အမကိုဒုက္ခပေးမိမှာစိုးတယ်"

သူ့ခြေထောက်ကိုထိုးပြတာကြောင့် jisoo
နည်းနည်းတော့စိတ်မကောင်းဖြစ်မိသွားသည်

"lisa ကကျန်တဲ့နေရာတွေတော်ပြီးဒီတစ်ခုကြ
ဘာလို့မသိတာလဲ"

"ဘာကိုလဲအမ"

"လူတစ်ယောက်ကသူ့မှာရှိတဲ့ချွတ်ယွင်းမှုတစ်ခုကိုအားနည်းချက်လို့မမြင်သရွေ့တခြားလူတွေ
ရဲ့လှောင်ပြောင်ခြင်းကိုမခံရဘူး lisa ကိုယ်ကသာအဲ့ဒီဟာကိုအားနည်းချက်ဆိုပြီးခံယူလိုက်ရင်
လူတွေကအရေးတယူလုပ်ပြီးပြောလာကြလိမ့်
မယ်
မင်းရဲ့ခန္တာကိုယ်ကဘယ်လိုမင်းရဲ့ရုပ်ရည်က
ဘာညာဆိုပြီးသူများအားနည်းချက်ကိုချနင်း
တတ်တယ်
မင်းကသာဒီဟာကငါ့အတွက်အားနည်းချက်
မဟုတ်ဘူးလိုခံယူလိုက်ရင်
သူတို့ပြောလည်းမင်းကလိုက်ခံစားမှာမဟုတ်တာကြောင့်
အချိန်တန်ရင်ပါးစပ်တွေကအလိုလိုပိတ်
သွားရော
ဘာကြောင့်ကိုယ်ကိုယ်တိုင်ကသူများအပြော
အောက်မှာနေမလဲ  lisa"

အမပြောရတာမောသွားသလိုကော်ဖီတစ်ငုံ
သောက်လိုက်သည်

"lili  ကအားနည်းချက်မဟုတ်ဘဲကံဆိုးခဲ့တာ
ဆိုရင်ရောအမ"

love  songWhere stories live. Discover now