love song 8

765 50 1
                                    

သူရေချိုးတုန်းဂါဝန်ကြီးကိုချွတ်ရမယ်လူက
စိတ်အိုက်လွန်းလို့သေတောမယ်

တစ်ယောက်တည်းချွတ်လို့ကလည်းမဖြစ်နိုင်တော့

"အပြင်မှာဘယ်သူရှိလဲအထဲကိုခဏလောက်ဝင်ခဲ့ပါဦး"

တိတ်ဆိတ်လျှက်ဘာသံမှပြန်မကြား

"အပြင်မှာဘယ်သူရှိလဲလို့"

ဒီလောက်ခေါ်နေတာကိုပြန်မထူးတာကြောင့်လူကဒေါသထွက်လာသည်

ဂါဝန်တကားကားနဲ့အောက်ထပ်ဆင်းပြီး

"အောက်မှာဘယ်သူရှိလဲ"

"ရှင်...မမလေး"

နက်ပြာရောင်ဂါဝန်နဲ့ကောင်မလေးတစ်ယောက်
ထွက်လာသည်

"ဒီလောက်အော်ခေါ်နေတာဘာလို့မကြားကြ
တာပဲ"

"မမလေးကဒုတိယထပ်ကိုဘယ်သူမှမတက်ရဘူးလို့ပြောလို့ပါ"

မမလေးယောင်းသဝန်တိုလည်းတိုချင်စရာပဲမမလေးယောင်းရဲ့သတို့သမီးလေးကလှချက်ဆိုတာ
joo joo ကြည့်ဖူးတဲ့ကာတွန်းကားထဲကမင်းသမီးလေးကြ
နေရော

"ဟေ့ ...တို့​ပြောနေတာကြားလား"

nini ကိုမျက်တောင်မခတ်တမ်းကြည့်နေတဲ့
ကောင်းမလေးကnini ပြောတာမကြား

"ဟေ့ ....ဟေ့nini ပြောတာကြားလား"

"ရှင်...ရှင်"

ကျစ်....ပတ်ချယ်ယောင်းအိမ်ကလူတွေက
ပတ်ချယ်ယောင်းလိုပဲကြောင်တောင်တောင်နဲ့

"nini ကိုဂါဝန်လေးလိုက်ကူချွတ်ပေးပါဦး"

"joo joo မချွတ်ရဲဘူးမမလေးယောင်းကိုကြောက်တယ်"

"သူမဆူစေရပါဘူးလာပါသူဆူရင်အမပြောမယ်"

joo joo ချီတုံချတုံနဲ့မမလေးနောက်လိုက်သွားရသည်

"နာမည်ဘယ်လိုခေါ်လဲ"

"joo joo ပါမမလေး"

"အင်း....joo joo အမ ဂါဝန်နောက်မှာဇစ်ကလေးတွေ့တယ်မလား"

"ဟုတ် ...မမလေး"

"အင်း....အဲ့ဒါလေးကိုဆွဲချပေးနော်အမဆွဲချတာ
ကျပ်နေလို့"

"ဟုတ်...မမလေး"

ဇစ်ကကျပ်နေတာကြောင့်တော်ရုံနဲ့ဆွဲမရ
ဆွဲမရတာကြောင့်ချွေးတွေတောင်ပျံလာရသည်

love  songWhere stories live. Discover now