love song 19

687 54 4
                                    

"nini ဘာစားချင်လဲရုပ်ရှင်ကြည့်မလား"

တစ်နေကုန် nini ဘေးနားမှာနေပြီး nini ခိုင်း
သမျှလုပ်ပေးနေတဲ့ယောင်းက nini မျက်စိထဲမှာ
တော်တော်ကိုချစ်ဖို့ကောင်းနေသည်

T shirt အဖြူနဲ့ဂျင်းဘောင်းဘီပေါင်လည်လောက်ကို
ဝတ်ထားတဲ့ယောင်းကဆယ်ကျော်သက်လေး
တစ်ယောက်လို

ဆံပင်တွေကိုမြင့်မြင့်စည်းထားတာကြောင့်
မျက်နှာလေးကရှင်းလင်းနေသည်

သရက်သီးစားနေတာကြောင်းပါးလေးနှစ်ဖက်က
ဖောင်းနေသည်ရှဥ့်ပေါက်လေးလိုလို

ကြည့်ရင်းနဲ့သဘောကျလာတာကြောင့်ပြုံးမိ
လိုက်သည်

"ယောင်းမေးတာလည်းမဖြေဘူး
ယောင်းကိုကြည့်ပြီးပြုံးနေတာဘာလဲ
ယောင်းကိုကြွေနေပြီမလား"

"သေလေ"

ခေါင်းအုံးနဲ့ပစ်ပေါက်တာကိုပြန်ဖမ်းပြီး nini
ဆံပင်တွေလာဖွပြန်သည်

"ပတ်ချယ်ယောင်းငါနင့်ထက်ကြီးတယ်နော်"

"သိတယ်လေ"

"သိရင်ဘာလို့ငါ့ကိုမမလို့မခေါ်တာလဲ"

"ခေါ်ချင်ပါဘူး nini ကသေးသေးလေးကို"

"အရိုင်းအစိုင်းလေး"

စူပုတ်သွားတဲ့မျက်နှာလေးကိုထပ်စချင်တာကြောင့်

"အခေါ်ခံချင်လို့လား"

"အင်း"

"ယောင်းထက်အရပ်ရှည်တဲ့နေကြခေါ်မယ်
တကယ်ကတိ"

ခြေထောက်နဲ့ကန်လိုက်တာကြောင့်အိပ်ရာပေါ်ကယောင်းပြုတ်ကျသွားသည်

'nini နော်အသက်ကြီးတယ်ဆိုပြီးယောင်းကို
သိပ်အနိုင်ကျင့်တာပဲ"

ပခုံးကိုပွတ်ပြီးစူပုတ်ပုတ်ပြောတာကြောင့်
နာသွားလားလို့စိုးရိမ်လိုက်မိသေး

"နာသွားလား"

"အင်း ဒီနားမှုတ်ပေး"

ကလေးကုလားနဲ့သူ့ပခုံးကိုထိုးပေးလာသည်

ပခုံးနားတိုးပြီးမှုတ်ပေးမလို့ကိုလူဆိုးလေးက
ဖျတ်ခနဲနှုတ်ခမ်းကိုနမ်းသွားသည်

love  songWhere stories live. Discover now