Zawgyi // Unicode
" ဟေ့ကောင် မင်းဘာလုပ်နေတာလဲ "
" အလုပ်လုပ်နေတာလေ..ဘာဖြစ်လို့လဲ မင်းက ထိထ်ထိထ်ပြာပြာနဲ့ "
" ဟိုဘက်လမ်းမှာ မင်းသား Jimin ရောက်နေတယ်ကွ "
" အဲ့ဒီတော့.."
" မင်းက တကယ်သွေးအေးတယ်ကွာ.. တစ်ရုံးလုံးသွားကြည့်နေတာကို မင်းသူ့ကို မကြိုက်ဘူးလား "
သူကသာ စိတ်လှုပ်ရှားနေတာ ရှေ့မှသကောင်သားကတော့ ကွန်ပြူတာကို ကြည့်နေတာ တစ်ချက်မှမလှုပ် ။
" ငါမှအလုပ်မပြီးသေးတာ..အလုပ်ချိန်အတွင်းအပြင်ထွက်ရင် သူဌေးကပွမ်မှာပေါ့.. ဒီနေ့မှ အလုပ်ဝင်တာကို အထုတ်ခံရအောင်လုပ်နေတာလား? "
" အခု သူဌေးမှမရှိတာ..ကဲ မြန်မြန်လာပါကွာ အိုက်တင်ခံမနေနဲ့ ငါနဲ့လိုက်ခဲ့ "
TaeHyung က အတင်းဆွဲခေါ်နေတာနဲ့ သူလိုက်သွားခဲ့သည်။ အတင်းငြင်းရင်ရပေမယ့် ဟိုဘက်လမ်းနဲ့ ဒီဘက်လမ်းက သိပ်အကွာအဝေးကြီးလည်း မဟုတ်တဲ့အပြင် ဒီ company မှာ အလုပ်ဝင်ဖို့ TaeHyung ကပဲ တိုက်တွန်းခဲ့တာမို့ အားနာပြီးလိုက်ခဲ့တာလည်း ပါသည်။
မိတ်ဆွေတစ်ယောက်ရဲ့ Car Showroom ဖွင့်ပွဲမို့ Jiminကို ဖဲကြိုးဖွင့်ဖို့ ဖိတ်ထားတာကြောင့် လာခဲ့ပေမယ့် ဒီရောက်တော့ သူ့ကိုစောင့်နေတဲ့ ပရိသတ်တွေက များလွန်းတာကြောင့် ဝမ်းသာမိသည်။
" Jiminရေ..အရမ်းချစ်တယ်နော် "
Bodyguardsတွေ security တွေ ပါတာမို့ လှမ်းအော်နေတဲ့ ပရိသတ်တွေကို အပြုံးချိုချိုလေးဖြင့်သာ လက်ပြနှုတ်ဆက်မိသည်။
ကားပေါ်က ဆင်းဆင်းချင်း လူအုပ်ကြီးကို လက်ပြနှုတ်ဆက်နေသည့် ParkJimin ကို TaeHyung ခြေဖျားထောက်၍ မျက်လုံးကျွတ်ကျမတတ်ငေးနေသည်။
" ချောလိုက်တာကွာ.. perfect ဆိုတာ သူ့ကိုရည်ညွှန်းတာပဲနေမှာ "
ပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီအဖြူကို စတိုင်ပန်အမဲနဲ့ တွဲဝတ်ထားပြီး ဆံပင်ကို လက်တစ်ဖက်နဲ့ သပ်သပ်တင်နေသည့် ParkJiminကို လှမ်းကြည့်ပြီး TaeHyung အပြတ်အသတ် ချီးကျူးနေသည်။
YOU ARE READING
ʰᵉᵃʳᵗᵇᵉᵃᵗ
Fanfiction𝚉𝚊𝚠𝚐𝚢𝚒 // 𝚄𝚗𝚒𝚌𝚘𝚍𝚎 𝑱𝑱𝑲 // 𝑷𝑱𝑴 #𝑲𝒐𝒐𝒌𝑴𝒊𝒏 #𝑱𝒊𝑲𝒐𝒐𝒌 𝐬𝐭𝐚𝐫𝐭 » 𝐉𝐮𝐧. 18. 2023 𝐞𝐧𝐝 »Nov. 1. 2024