23

346 41 8
                                    




Operation ခန်းရှေ့မှာ လက်ချောင်းလေးတွေ အချင်းချင်းကုတ်၍ စိတ်ခြောက်ခြားစွာ လမ်းပတ်လျှောက်နေမိသည်။

Jung Kookက အရေးကြီးတဲ့ ကိုယ်တွင်းသွေးကြောတစ်ချို့ကို ထိခိုက်မိလို့ သွေးထွက်လွန်ထားပြီး သွေးနှစ်လုံးသွင်းရမည်တဲ့။
ဆရာဝန်တွေကလည်း ယောက်ယက်ခတ်၍ ပြေးလွှားနေကြသည်။
အဲ့ဒါတွေအားလုံးက ကိုယ့်ကြောင့်..
ကိုယ့်ကြောင့်ဖြစ်ရတာ။

Leon ရွယ်လိုက်တဲ့ လက်တစ်ဖက်ရဲ့ အားဟာမနည်းလှပေ။ ပြီးတော့ ဓားကိုတစ်ဆုံးထိ ထိုးပြီးမှ ပြန်ဆွဲထုတ်သွားတာ။
Jung Kook ဘယ်လောက်တောင် နာကျင်ခံစားလိုက်ရမလဲ...
ကိုယ့်ရှေ့မှာတင် သူ ထိခိုက်ပြိုလဲသွားတာတောင် မကာကွယ်နိုင်လိုက်ဘူး။
ကိုယ့်လောက် အသုံးမကျတဲ့လူ မရှိတော့ဘူး..

မျက်ဝန်းအိမ်ထဲမှာ ကိုယ့်ရှေ့မှာ Jung Kook ထိခိုက်သမျှအားလုံးကို ရုပ်ရှင်ပြကွက်တွေလို တိကျပြတ်သားစွာ မှတ်မိနေရင်း ရင်တွေ တစ်ဆတ်ဆတ်ခုန်လာသည်။ တံတွေးမျိုချလိုက်သော်လည်း လည်ချောင်းထဲမှာ တစ်ဆို့နေ၏။

Jung Kook ကို အဆုံးရှုံးမခံနိုင်တဲ့ စိတ်ကြောင့် ရှိုက်သံမထွက်ဘဲ ပါးပေါ်သို့မျက်ရည်ပူတွေ တစ်လှိမ့်လှိမ့်ကျလာသည်။

"Nam Joon.. Jung Kook တစ်ခုခုဖြစ်သွားနိုင်လား"

အတူပါလာသည့် Nam Joon လက်ကို ဆုတ်ကိုင်၍ အားကိုးတကြီးမေးမိသည်။

Nam Joon က တုန်ယင်နေသည့် သူ့လက်ခုံလေးကို  ဖွဖွပုတ်၍

"သူ ဘာမှမဖြစ်ပါဘူး..ငါတို့လည်း ဆုတောင်းပေးလို့ရတယ်လေ မင်းဆုတောင်းပေးတော့ အနည်းဆုံး သူထိခိုက်တာသက်သာတာပေါ့"

"ဟုတ်တယ်နော် ငါဆုတောင်းရမယ်"

ဆံပင်တွေပွ၍ တစ်မျက်နှာလုံး ချွေးတွေရွှဲနေပြီး ပွဲတက်အင်္ကျီ၏  ရင်ဘတ်မှာ Jung Kook ရဲ့ သွေးစတစ်ချို့ စွန်းထင်းနေသည်။
Jimin ကို စိတ်မကောင်းစွာ ကြည့်မိသည်။
ဒီလောက် ချစ်နေရင်လည်း ဘာဖြစ်လို့ မရရအောင် လမ်းခွဲလိုက်တာလဲ..
ဒီလောက်တစ်ယောက်နဲ့ တစ်ယောက် ချစ်နေကျမှတော့ ဘယ်လို အန္တရာယ်အတားအဆီး လာလာ အတူရင်ဆိုင် ကျော်ဖြတ်လိုက်ကြပါလား..

ʰᵉᵃʳᵗᵇᵉᵃᵗWhere stories live. Discover now