24

294 46 14
                                    





"ရှင့်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်မပြင်တော့ဘူးလား Jimin.."

"ဟင့်အင်း"

Jimin ခေါင်းလေးကို လေးတွဲစွာ ခါရမ်းပြသည်။

"Su Ri တော့ ရှင့်ကိုအဲ့လိုမလုပ်စေချင်ဘူး..ဖြစ်ခဲ့သမျှ အားလုံးက Leon ကြောင့်ပဲမလား အခု Leonလည်း အဖမ်းခံနေရရပြီပဲ နောက်ထပ် အန္တရာယ်ပေးမယ့်သူ မရှိတော့ပါဘူး"

"ကိုယ်ကြောက်နေတာ Su Ri.. ကိုယ့်ရှေ့မှာ သူထပ်ပြီး ထိခိုက်နာကျင်သွားမှာကို ကိုယ်ကြောက်တယ် အခုလည်း ဆေးရုံမှာ သူကကိုယ့်နေရာမှာ ဝင်လှဲနေရတယ်.. အခုထိလည်း သတိပြန်မရလာသေးဘူး နောက်ထပ်ဒီလိုအဖြစ်မျိုး ထပ်ဖြစ်ခဲ့ရင် ကိုယ်တကယ်သေသွားလိမ့်မယ်..."

Jimin က ရှိုက်ငိုရင်း ပြောနေတော့ အသံလေးတွေက ပြတ်တောက်နေရှာသည်။
သူ(မ) အရှေ့မှာ Jimin အခုလို ရှိုက်ကြီးတငင် ငိုဖူးတာ ဒါ ပထမဦးဆုံးပင်။

"အဲ့ဒါ Leon ကြောင့်ပါ.. Leon သာမရှိရင် Jeon Jung Kook လည်း အန္တရာယ်မဖြစ်နိုင်တော့ပါဘူး"

သူ(မ) ဘယ်လိုပဲ ပြောနေပါမယ့် Jimin က ခေါင်းအတွင်တွင် ခါသည်။

"ကိုယ့်ကို ကာကွယ်ပေးလို့ သူထိခိုက်တာ.. ကိုယ်က ကံမကောင်းဘူး Su Ri.. Leon မရှိတော့ရင်တောင် ကိုယ်က သူ့အတွက်ဘေးဒုက္ခတွေပဲ သယ်လာပေးတဲ့သူဖြစ်နေမှာ.. ကိုယ့်ကို Jung Kookက နာကျည်း မုန်းတီးသွားအောင် လုပ်ပစ်ခဲ့ပြီးပြီ"

"ဘာမှန်းတော့ Su Ri မသိပေမယ့် ရှင် ရှင်းပြလိုက်ရင် သူလက်ခံမှာပါ.. Jeon Jung Kook က ရှင့်ကိုသိပ်ချစ်တာ"

"ဟင့်အင်း ..ကိုယ် ကိုယ်တိုင်က သူ့ဘေးမှာမနေရဲတော့တာ ကိုယ်နဲ့မတွေ့ခင်အထိ သူ့ဘဝလေးက အဆင်ပြေနေခဲ့တာ ကိုယ်ဒီအတိုင်း ထွက်သွားလိုက်ရုံပဲ.. ဒါဆို အားလုံးက ဟိုးအရင်အစကအတိုင်း ပြန်ဖြစ်သွားမှာ သူ့ကိုချစ်တယ်ဆိုပြီး အနားမှာ ထားမိလို့ ထပ်ပြီး အဖြစ်ဆိုးနဲ့ ကြုံရမှာကို ကိုယ်ရင်မဆိုင်ရဲတော့ဘူး.. ကိုယ့်မှာအန္တရာယ်ရှိနေရင် Jung Kook က အမြဲတမ်းကြိုသိနေခဲ့တာ.. သူ ကိုယ့်ကို ရှာလို့မတွေ့နိုင်တဲ့အထိ ကိုယ် ရောက်သွားမှ ဒီအဖြစ်တွေ အားလုံးရပ်တန့်သွားမှာ"

ʰᵉᵃʳᵗᵇᵉᵃᵗWhere stories live. Discover now