"မင်းခိုင်းတဲ့အတိုင်းငါမလုပ်နိုင်တော့ဘူး..Leon ပြီးခဲ့တဲ့အခေါက်က လူမှားပြီးသတ်မိတာ ငါ့ကိုအခုထိလိုက်ရှာနေကြလို့ ပြေးနေရတုန်း မင်းဘက်ကမသေချာဘဲထပ်သတ်ခိုင်းနေတာလား..""ငါအမြဲတမ်းသေချာခဲ့တယ်..တစ်ယောက်ယောက်က ငါ့အကြံအစည်တွေကိုကြိုကြိုသိနေတာ ဒီတစ်ခေါက်ပဲ ထပ်ကူညီပေး..မင်းလိုချင်တဲ့အမောင့်အတိုင်းပေးမယ်"
"အရင်တစ်ခေါက်က ပိုက်ဆံတောင်တစ်ဝက်ကျန်သေးတယ်..မသေချာတဲ့စကားတွေလာမပြောနဲ့ Leon ငါထပ်သတ်မယ့်လူကမင်းဖြစ်သွားလိမ့်မယ်"
"ငါ့ကိုသတ်ရင် မင်းဘာမှမရဘဲနေမှာပေါ့..ငါ့ဘဝက Suriနဲ့လမ်းခွဲလိုက်ရကတည်းက သေမထူးနေမထူးဖြစ်နေပြီ..မင်းငါ့ကိုသတ်လိုက်ရင် မင်းရဲ့ခိုးမှုမှတ်တမ်းတွေရော လူသတ်မှုမှတ်တမ်း အပါအဝင် အရင်တစ်ခေါက်ကကောင်လေးတစ်ယောက်ကိုဓားနဲ့ထိုးခဲ့တဲ့မှတ်တမ်းပါ ရဲလက်ထဲ အော်တိုရောက်သွားမှာ.."
"တောက်! မင်းတော်တော်အဆိပ်ပြင်းတဲ့ ကောင်ပါလား"
"သိရင်လည်း ငါခိုင်းတဲ့အတိုင်းဆက်လုပ်လေ"
သူ့ရဲ့ အကြံအစည်တွေကိုဘယ်သူက ကြိုသိနေတာလဲ..အကြိမ်ကြိမ်အခါခါသတ်တိုင်းမသေရအောင် ParkJimin က ဘယ်လောက်တောင် ကံကောင်းနေတာလဲ။
စဉ်းစားရင်းနဲ့ ParkJimin ဘေးက သက်တော်စောင့်ကို မျက်လုံးထဲမြင်ယောင်လာမိသည်။ တစ်ယောက်တည်းပဲနေလာခဲ့ပြီး ရုတ်တရက်ကြီး ကောင်လေးတစ်ယောက်ကို သက်တော်စောင့်ခေါ်တယ်ဆိုတော့..
အတွေးနဲ့ မျက်နှာမဲ့သွား၏။"ငါလုပ်ရမှာတွေများသားပဲ.."
သူ့အပေါ် Suri က ခဏတဖြုတ် သာယာမှုကြောင့် တွဲခဲ့တယ်ဆိုရင်တောင် သူ့ဘက်ကတော့ Suri အပေါ် တကယ် ချစ်မိသွားခြင်းသာ။ ဒါပေမယ့် သူတို့နှစ်ယောက် ပျော်ရွှင်မှုက ကြာကြာမခံလိုက် ParkJimin သူတို့နှစ်ယောက် ကိစ္စ ရိပ်မိသွားခြင်းကြောင့်ပင်။
ParkJimin အကြောင်းစုံသိသွား၍ သူနဲ့ ခိုးတွဲဆက်ဆံရေး ဖြတ်တောက်လိုက်တာတောင် သူ(မ)တို့ ချစ်သူ နှစ်ဦးအကြား ပြဿနာအကြီးအကျယ်ဖြစ်ပြီး ဆက်ဆံရေးပြတ်ဆဲသွားသည့်တိုင် ParkJimin အပေါ်ထားတဲ့ Suriရဲ့ စိတ်သဘောထားက မပြောင်းလဲသွားပေ။ ယခုထိတိုင် ချစ်မြဲ ချစ်နေဆဲ။
YOU ARE READING
ʰᵉᵃʳᵗᵇᵉᵃᵗ
Fanfiction𝚉𝚊𝚠𝚐𝚢𝚒 // 𝚄𝚗𝚒𝚌𝚘𝚍𝚎 𝑱𝑱𝑲 // 𝑷𝑱𝑴 #𝑲𝒐𝒐𝒌𝑴𝒊𝒏 #𝑱𝒊𝑲𝒐𝒐𝒌 𝐬𝐭𝐚𝐫𝐭 » 𝐉𝐮𝐧. 18. 2023 𝐞𝐧𝐝 »Nov. 1. 2024