Jiminနဲ့ ချစ်သူဖြစ်ခဲ့သည့် 4 လအတွင်း သာမန်စိတ်ဆိုးစိတ်ကောက်ရုံကလွဲပြီး အခုလိုတစ်စုံတစ်ယောက် အတွက် စကားများတာမျိုး တစ်ကြိမ်တစ်ခါမှ မဖြစ်ခဲ့ဘူးပေ။
ပြီးတော့ Suri က ကိုကို့ ရည်းစားဟောင်းမို့ သူသဝန်တိုတာ မလွန်ပေ။ညအိပ်ခါနီးတိုင်းဖုန်းပြောနေကျမို့ လူကအကျင့်ပါနေပါပြီ။ ကိုကိုက သူနဲ့ဖုန်းပြောတိုင်းဘယ်တော့မှ အရင်မနှုတ်ဆက်တတ်ပေ။ သူ့ကို အရင် good night ပြောပြီး ဖုန်းထဲကနေ အနမ်းပေးပြီးမှ သူဖုန်းချတဲ့အထိစောင့်နေတတ်သည်။
အခုတော့ လူက ဟာတာတာနဲ့ ဘယ်လိုနေရမှန်းမသိဖြစ်နေပြီ။ ဘာလို့လဲ ဘာဖြစ်လို့တစ်ရက်အတွင်း အဲ့လောက်ထိပြောင်းလဲသွားရတာလဲ..
တစ်ညလုံးအတွေးများစွာနဲ့ လူးလှိမ့်နေရင်း မိုးလင်းခါနီးမှမှေးခနဲအိပ်ပျော်သွားခဲ့သည်။အိပ်ယာနိုးတာနဲ့ ကိုကို့ရဲ့အိမ်ကိုလိုက်သွားခဲ့သည်။ သော့ခတ်ထားတဲ့ ခြံတံခါးချပ်ကြီးက သူ့ကိုကြိုဆိုနေသည်။
"ကျစ်"
ထပ်စောင့်ဖို့ စိတ်မရှည်စွာ jimin ကို ဖုန်းခေါ်လိုက်သည်။
ပထမတစ်ကြိမ်တော့ဝင်နေပေမယ့် ကိုင်မယ့်သူမရှိ။ နောက်တစ်ကြိမ် ထပ်ခေါ်တော့ စက်ပိတ်သွားသည်။
ဘယ်လိုပြဿနာမျိုးပဲရှိရှိ ဖြေရှင်းခွင့်တောင်မပေးတာကတော့ ကိုကို့ဘက်က တစ်ဖက်သတ်ဆန်လွန်းနေပြီ။ မရှည်တတ်တဲ့စိတ်ကို မနည်းဆွဲဆန့်ထားရတာ စိတ်ပျက်စရာကောင်းလှသည်။
တစ်ရက်ထပ်စောင့်ပြီးတော့ Jimin ရဲ့ မန်နေဂျာကိုဖုန်းဆက်ပြီး မေးကြည့်လိုက်မှ Paris မှာရုပ်ရှင်ကားအသစ် သွားရိုက်နေသည်တဲ့။
သူ့ကို လုံးဝ အသိမပေးဘဲ တစ်ယောက်တည်း ထွက်သွားခဲ့တာ ဘာသဘောလဲ..
အခုချိန်ထိ သူမသိအောင် ဘာတစ်ခုမှမလုပ်ခဲ့ဘဲ အခုကျမှဘာဖြစ်လို့ တစ်ယောက်တည်း ခွဲထွက်ချင်နေတာလဲ..ကိုကိုက သူနဲ့ လမ်းခွဲဖို့ကြိုးစားနေတာလား
အတွေးနဲ့တင် ရင်ထဲပူလောင်လာရသည်။
YOU ARE READING
ʰᵉᵃʳᵗᵇᵉᵃᵗ
Fanfiction𝚉𝚊𝚠𝚐𝚢𝚒 // 𝚄𝚗𝚒𝚌𝚘𝚍𝚎 𝑱𝑱𝑲 // 𝑷𝑱𝑴 #𝑲𝒐𝒐𝒌𝑴𝒊𝒏 #𝑱𝒊𝑲𝒐𝒐𝒌 𝐬𝐭𝐚𝐫𝐭 » 𝐉𝐮𝐧. 18. 2023 𝐞𝐧𝐝 »Nov. 1. 2024