22

330 47 16
                                    






ပြတင်းတံခါးကနေ နေရောင်ခြည်က မစို့မပို့ဝင်ရောက်လာသည်။ အိပ်ယာနိုးနေပေမယ့် Jimin ကိုယ်လေးကို ထွေးဖက်ပြီး မှိန်းနေလိုက်သည်။
Jimin ကို သူ့သဘောထားအတိုင်း အတ္တကြီးစွာ အတူနေပြီး သိမ်းပိုက်နိုင်ခဲ့ပေမယ့် သူထိလိုက်တိုင်း ပုတ်ခတ်ရှောင်ပယ်နေတာကိုတော့ ရင်ထဲမှာနာကျင်မိသည်။

ကိုယ့်ကို အရူးလုပ်သွားမှန်းသိပေမယ့် မမုန်းရက်နိုင်တာ ဘယ်လိုလုပ်ရမလဲ..

ကျောပြင်ဖြူဖြူလေးကို နမ်းလိုက်တော့ တွန့်ခနဲ ဖြစ်သွား၏။ ဘယ်လောက် နမ်းနမ်း နမ်းမဝသည့် ပါးပြင်နုနုကို အကြိမ်ကြိမ် ထပ်နမ်းပစ်လိုက်မိပြီး

"ခင်ဗျား နိုးနေပြီလား"

"မင်း ဖယ်စမ်းပါ..မထိနဲ့"

နိုးလာတာနဲ့ ဖက်ထားတဲ့သူ့လက်တွေကို ဖယ်ချရုန်းထွက်ပစ်၏။ အလျှော့မပေးဖို့ ဆုံးဖြတ်ထားတဲ့သူကလည်း အတင်းဖိချုပ်ပွေ့ပိုက်ထားမိရင်း

"ကျွန်တော်တို့ လက်ထပ်ကြမယ်"

"ဟင့်အင်း ငါမင်းကို လုံးဝလက်မထပ်နိုင်ဘူး"

"ဒီအခြေအနေထိ ခင်ဗျားကငြင်းနေတုန်းပဲလား"

"ငါမင်းကို လုံးဝမချစ်ဘူး Jeon Jung Kook.. ဘယ်အခြေအနေထိပဲ ရောက်ရောက် ယောကျာ်းလေးနှစ်ယောက်ကြား ဒီကိစ္စမှာ ဘာ တာဝန်ယူမှု လိုမှာလဲ အားမတန်လို့ မာန်လျော့လိုက်ရတဲ့အဖြစ်မျိုးကို အခွင့်ကောင်းယူပြီး တမင်လုပ်ယူတာ"

"တော်တော့ ခင်ဗျားတော်လိုက်တော့"

Jimin ရဲ့ စကားတွေက သူ့ရင်ဝကို ဆောက်နဲ့ထွင်းလိုက်သလို သွေးစိမ်းရှင်ရှင် ထွက်သည်အထိ နာကျင်ရသည်။

သက်ပြင်းချပြီး ကုတင်အောက်ကျနေတဲ့ ရှပ်အင်္ကျီ ကို ယူဝတ်လိုက်သည်။

"ဒီမနက် တရားရုံးမှာ လက်ထပ်မှတ်ပုံတင် သွားတင်ကြမယ်"

"ငါမင်းကို လက်မထပ်ဘူးလို့ ပြောပြီးပြီ"

ကိုယ်လုံးတစ်ဝက်ကို စောင်နဲ့ပတ်ထားပြီး အခန်းထဲကနေထွက်ဖို့လုပ်နေသည့် Jimin ကိုယ်လေးကို ဖမ်းဆွဲထားလိုက်သည်။

ʰᵉᵃʳᵗᵇᵉᵃᵗWhere stories live. Discover now