Pls.

292 33 22
                                    




ပထမဆုံး စာဖတ်သူများ အားလုံး မကြိုက်မနှစ်သက်တဲ့ ဇာတ်သိမ်းမျိုး ဖြစ်သွားတဲ့ အတွက် အားလုံးကို အနူးအညွှတ်တောင်းပန်အပ်ပါတယ်။
အထူးသဖြင့် Jikookerများ လုံးဝ လက်မခံနိုင်တဲ့ ဇာတ်လမ်းမျိုး ဖြစ်သွားတဲ့ အတွက် နောက်တစ်ကြိမ် ထပ်ပြီး တောင်းပန်အပ်ပါသည်။

မင်မင်အနေနဲ့ ဒီ ဇာတ်လမ်းကို စရေးထဲက ဇာတ်သိမ်းရင်ပြီးရော ဆိုပြီး ပေါ့ပျက်ပျက် ရေးခဲ့တာမျိုးမဟုတ်ပါဘူး စိတ်ရင်းနဲ့ သေချာ စိတ်နှစ်ပြီး ဇာတ်လမ်း ဇာတ်ကွက်တွေကို ရေးခဲ့တာပါ။
ဒါကိုလည်း ဟိုးအစထဲကနေ အခုလက်ရှိထိ အစအဆုံး ဖတ်ရှူလာပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်း သိကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

ဒီလို ကာရိုက်တာ၊ ဒီလို ဇာတ်လမ်း ဒီလို ဇာတ်သိမ်းမျိုး ကို မင်မင် အစကတည်းက ရေးသားဖို့ ရည်ရွယ်ထားတာပါ။ ဒါဟာလည်း ဇာတ်လမ်း အသွားအလာ သဘောအရမို့လို့ပါ။
ဇာတ်လမ်း ဒီလိုပုံစံမျိုးနဲ့ ends. သွားတယ်ဆိုပေမယ့် နောက်ပိုင်းမှာ extra/ ဒါမှမဟုတ် season 2 အနေနဲ့ တဖန် ပြန်လည် အသက်သွင်းဖို့ ရည်ရွယ်ထားခဲ့မိလို့ပါ။

မင်မင့်အနေနဲ့ ပြောပြချင်တာကတော့
ကာကာလေးတို့ဘက်က ကြည့်မယ်ဆိုရင်လည်း မှန်ပါတယ်။
ဒါပေမယ့်  သေချာစိတ်အေးအေးနဲ့ ထပ်ဖတ်ကြည့်မယ်ဆိုရင် ကာကာတို့ မင်မင့် ဇာတ်လမ်းရဲ့ ဇာတ်သိမ်းက ဟာကွက်တွေကို သိလာပါလိမ့်မယ်။

ဟုတ်ပါတယ်။ jikook fic ဖတ်ချင်လို့ လာဖတ်ကြတာပါ ဒါကို ဘာလို့ အခုလို ဇာတ်သိမ်းပေးလိုက်ရတာလဲပေါ့...

ဇာတ်လိုက် နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခဲ့ကြပြီး ချည်နှောင်ခဲ့ကြပြီးမှ ဘာကြောင့် လက်ထပ် သွားရတာလဲ...
အဲ့ဇာတ်သိမ်းမှာ ဘာကြောင့်ရယ် ဆိုပြီး မင်မင် ထည့်မရေးပေးထားပါဘူး။
( ကြားထဲမှာ ဟာကွက်တွေ အများကြီး ရှိနေသေးပါတယ်.. ဘာလို့ လက်ထပ်သွားရကြောင်း၊ တခြား အကြောင်းအရာတွေ အများကြီးပါ။ )

အကုန်ထည့်မပြောဘူးဆိုတာကလည်း မင်မင့် ဇာတ်လမ်းကို spoil သလို ဖြစ်သွားမှာဆိုးတဲ့အတွက်ကြောင့်ပါ.. ဒါလေးကိုတော့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။

ဇာတ်လိုက်က နောက်ဆုံးအထိ အမှန်တရားကို မသိသွားရသေးဘူးလေ...
(ဟုတ်ပါတယ်။ အဲ့လို ဇာတ်လိုက်ကို ပေးမသိသေးတာကလည်း နောက်အပိုင်းတွေအတွက် ဇာတ်လမ်းသပ်သပ်ချန်ထားလို့ပါ)

ဇာတ်လိုက်တစ်ယောက်ကတော့ ဘာဖြေရှင်းချက် အမှန်တရားမှ မဖော်ထုတ်သွားဘဲ ချစ်ရက်နဲ့ စွန့်လွှတ်ခဲ့တာပါ။
(တစ်ဖက်သတ်ကြီး တစ်ယောက်ထဲကို ဇာတ်သိမ်းအထိ ကွက်ပြီး ဇာတ်နာသွားစေမိတဲ့ အတွက်လည်း တောင်းပန်ပါတယ်။)

အခုလိုမျိုး ဇာတ်သိမ်းမျိုးဖြစ်သွားခဲ့ရတာကလည်း မင်မင်အပေါ်မှာ ပြောခဲ့သလို ဇာတ်လမ်း အသွားအလာ အလှည့်အပြောင်းလေးတွေ ထပ်ဖန်တီးဖို့ တွေးမိထားလို့ပါ။
အဲ့တာကို မင်မင်ဘက်က note. တောင် ထည့််မရေးဖြစ်ဘဲ မရှင်း မရှင်းတွေ ရေးထားခဲ့မိတော့ ကာကာတို့ဘက်က စိတ်ခုချင်စရာတွေ ဖြစ်သွားစေမိတဲ့အတွက် စိုးရွံ့မိပါတယ်။

readers တို့ဘက်မှ ဒီ ဇာတ်လမ်းကို လုံးဝ လက်မခံနိူင်လို့ / deleted ပေးဆိုလည်း မင်မင့်ဘက်က ရပ်နားပေး deleted ပေးမှာပါ။
အဓိကကတော့ မင်မင့်ရဲ့ ပေါ့လျော့မှုကြောင့် readers လေးတွေ အားလုံး ထပ်ပြီးတော့ အထင်မမှား အထင်မလွဲစေချင်လို့ ပြောပြရခြင်းဖြစ်ပါတယ်။

ဖတ်ရှူအားပေးမှုအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါသည်။
အနူးအညွတ်တောင်းပန်အပ်ပါသည်။🙏🏻🙏🏻

ʰᵉᵃʳᵗᵇᵉᵃᵗWhere stories live. Discover now