ဇာတ်လမ်းတို(၁)

1.3K 123 57
                                    

       ၁// လမ်းခွဲရတဲ့အကြောင်းအရင်းကထူးဆန်းတယ်။
         
      

"ဟင်! ရာရာစစ ဘယ်ကောင်တွေက ငါ့ကိုကိုရဲ့ဆယ်ကာပုံအောက်မှာလာဖွန်ကြောင်နေတာလဲ!!!"

စိတ်တိုလိုက်တာ၊ တကယ်စိတ်တိုလို့ သေတော့မယ်ထင်တယ်။

"အံ့ပါရဲ့..ဘယ်လိုသတ္တိနဲ့ ကိုကို့ ကို ဒိတ်ဖို့ လာခေါ်နေရတာလဲ..ဟား..မဟုတ်သေးပါဘူး!!"

လောလောလတ်လတ် တင်ထားတဲ့ ကိုကိုရဲ့ဆယ်ကာ အောက်မှာ ကြူးထားကြတာများ မြင်မကောင်း။

<ကင်မ်ထယ်ရယ်ရဲ့ ပါးချိုင့်ထဲ ဒိုင်ဗင်ထိုးပြီး ဝင်နေချင်လို့>

<နဖူးပေါ်ကျနေတဲ့ ဆံပင်တွေကိုသပ်တင်ပေးချင်တာ>

<စျေးဝယ်သူတွေရှေ့ရောက်ရင် ကုန်စျေးနူန်းကထိုးတက်သွားသလို ငါလဲ ထယ်ရယ်အိုပါးကိုတွေ့ရင် အချစ်တွေ ထိုးတက်လာတယ်>

<နင်တို့သိအောင်ပြောပြရဦးမယ်..အဟင်း..Canakkale တံတားက ကမ္ဘာပေါ်မှာ အခိုင်မာဆုံးကြိုးတံတားဆိုပြီး သိထားတာ တကယ်တော့ ငါနဲ့ ထယ်ရယ် အိုပါးရဲ့ နှလုံးသားကို သွယ်ထားတဲ့ အချစ်တံတားလေးဖြစ်နေတယ် ခ်ခ်ခ်>

ဟမ့်..ဘယ်လိုတောင်ရူးနှမ်းလိုက်လဲ။

အဲ့ကြူးနေတဲ့ ဟာတွေကို တစ်ရက်လောက်ခေါ်ပြီး နရင်းအုပ်ပေးဦးမယ်။

ရစ်ခီခင်ဗျာ ထယ်ရယ်ပုံအောက်က ကောမန့်တွေကိုဖတ်ပြီး သကာလ၊သူ့ဇက်ကို သူ ကိုင်ထားရပြီး
'ငါ့ဇက်ကြော' ဆိုပြီး ထိုင်အော်နေရပြီ။

အခန်းဖော် ဂယူဘင်းဆိုတဲ့ တစ်ယောက်ကလဲ အားကိုးရသလားမမေးနဲ့။

သွေးတက်သလိုဖြစ်နေတဲ့ ရစ်ခီကို ပရုတ်ဆီ လှမ်းပေးရှာတယ်။

"ဟမ်..ဒါ ဘယ်က ကောင်ပြန်ပြီလဲ.."

တစ်ယောက်တည်းအပူတွေ ယူနေတဲ့ ရစ်ခီက ကောမန့်တွေဆက်ဖတ်နေရင်း ယောကျာ်းလေးတစ်ယောက်က ထယ်ရယ့်ကို အားတဲ့တစ်ရက်ကော်ဖီ ဒိတ်ကြရအောင် ဆိုပြီး မန့်ထားတဲ့ မန့်ကို ကိုကိုက ရီပလိုင်းပြန်ထားသေးတယ်။

ရတယ်လေ တဲ့။

"ဟ ဘာကိုရတယ်လဲ..မရပါဘူး"

ရစ်ခီက အိပ်နေရာက လေထဲကို ခြေထောက်ကန်ပြီး အော်ဟစ်တဲ့အခါ တစ်ဖက်ခုံမှာ စာလုပ်နေတဲ့ ဂယူဘင်းက အမြင်ကတ်လာပြီဖြစ်လို့

𝟩 𝖽𝖺𝗒𝗌//𝟢𝟦𝟢𝟤Where stories live. Discover now