ဇာတ်လမ်းတို(၄)

780 78 20
                                    

၄//ချွမ်းရွေ့ကိုထယ်ရယ်က သံယောဇဉ်တွယ်သွားပြီ


ဟိုးရှေးရှေးတုန်းက  ယုံစတမ်းပြောကြတဲ့ပုံပြင်လေးမဟုတ်ပဲ တကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးရှိခဲ့ဖူး၏။

စတွေ့ဆုံးခြင်းက ထိပ်လန့်မှုတွေနဲ့စတင်တယ်။
ဒါပေမဲ့ ခဏတာ။
ရှေ့ဆက်ခဲ့တဲ့ရက်တွေမှာ နှစ်ယောက်ထဲကတစ်ယောက်က စပြီးချဉ်းကပ်ကာ စကားဆိုတယ်။
ရင်းနှီးမှုရယ် နွေးထွေးမှုကိုပေးတော့ ရယူတယ်။
လုပ်ယူခြင်းမဟုတ်တဲ့ခံစားချက်တွေက တစ်ပြိုက်နက်ဖြစ်ခဲ့တယ်။


တောရွာလေးကိုပြောင်းလာရတဲ့ ကင်မ်မျိုးနွယ်ရဲ့မိသားစုဝင်သုံးယောက်ဟာ အထုတ်အပိုးတွေ နေရာချနေရင်းအလုပ်များနေကြသည်။ ကင်မ်မျိုးရိုးမှာ သားတစ်ယောက်၊သမီးတစ်ယောက်ရှိကြပေမဲ့ သားအကြီးဖြစ်တဲ့ ကင်မ်ထယ်ရယ်က အနဲငယ်တော့ ကျန်းမာရေးချူချာတတ်သူမို့လို့ အမေဖြစ်သူက သူမသားရဲ့ကျန်းမာရေးနဲ့ပတ်သတ်ပြီးအမြဲရင်တစ်ထိပ်ထိပ်ရယ်။

အဖေဖြစ်သူဆုံးပါးပြီးသွားတဲ့နောက်ပိုင်း ကျန်ရစ်ခဲ့သူ ၊သူတို့မိသားစုသုံးယောက်ဟာ တောရွာလေးကိုပြောင်းလာဖို့ဆုံးဖြတ်ခဲ့သလို ထယ်ရယ်ရဲ့ အဆုတ်ရောဂါ သက်သာစေဖို့ လေကောင်းလေသန့်လိုအပ်လို့လဲ ပါတာပေါ့ ။

ပစ္စည်းတွေကိုဖြေးဖြေးချင်းဝိုင်းကူ မ ယူနေတဲ့ ထယ်ရယ်ဟာ မောဟိုက်နေပေမဲ့ အမေကိုတော့ ကူညီပေးချင်တယ်။ ညီမ ဖြစ်သူကတော့ အိမ်အသစ်ကို ပတ်ပြေးနေရင်း အလုပ်ရှုပ်နေလို့ ထယ်ရယ်က မျက်စောင်းထိုးချင်နေပြီ။

အဆုတ်ရောဂါဒဏ်ကြောင့် မောဟိုက်နေပေမဲ့ သန်မာပါတယ်။ သနားလိုက်တာ၊သနားစရာကောင်းတယ်ဆိုတဲ့ အကြည့်တွေနဲ့ လာကြည့်တာမျိုး ထယ်ရယ်လုံးဝမကြိုက်ပါ။ထယ်ရယ်က ယောကျာ်းလေးတစ်ယောက်လေ။ ရောဂါအခံရှိနေလို့ အားပျော့ညံ့နေတာမျိုးလဲမဟုတ်။ ထယ်ရယ်က ကိုယ့်အားကိုယ် ကိုးနိုင်ပါတယ်နော်။ ခေါင်းကြောမာတဲ့ သူ့ကို အမေကလဲ မနိုင်တာမို့လို့ လွှတ်ထားပေးလိုက်တာ။

အထက်တန်းကျောင်းသားလေးပေမဲ့ အားအင်အပြည့်လဲရှိတယ်။ ကြက်ဥပြုတ်နေ့တိုင်းစားတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ ကျေးဇူးတင်မိသား။

𝟩 𝖽𝖺𝗒𝗌//𝟢𝟦𝟢𝟤Where stories live. Discover now