"ငါ့ကို အပြင်မှာ လာထွက်တွေ့နိုင်မလား" ဆိုတဲ့ စကားကြောင့် ချွမ်းရွေ့ လမ်းထိပ်က ဓာတ်မီးတိုင်ဆီကို ထွက်လာခဲ့သည်။လမ်းထဲတွင် အလွန်တိတ်ဆိတ်နေပြီး လမ်းမီးတိုင်အကူနှင့် လမင်းရဲ့ အကူ အလင်းရောင်သာရှိနေသည်။
ချွမ်းရွေ့ထွက်လာတော့ လမ်းပေါ်က ကျောက်ခဲတစ်လုံးကို ခြေထောက်နဲ့ ကန်ပစ်ရင်း ဆော့ကစားနေပြီး ကျောပေးထားတဲ့ ထယ်ရယ်ကို တွေ့လိုက်ရတာမို့လို့ သက်ပြင်းချလိုက်မိသည်။
ထယ်ရယ်သည် ချွမ်းရွေ့တို့ရဲ့ လမ်းရဲ့ တစ်လမ်းကျော်တွင် နေထိုင်သူတစ်ယောက်။ ချွမ်းရွေ့ကို ချစ်ခွင့်ပန်ထားသူတစ်ယောက်ဆိုရင်လဲ မှန်သည်။
ထယ်ရယ်က ချွမ်းရွေ့ကို စောင့်နေရင်း ဟိုတွေးဒီတွေးနဲ့မို့ အတွေးက စုံလှပြီ။
ကျောက်စရစ်ပေါ်မှာ အနောက်ကနေ ပေါ်လာတဲ့ အရိပ်ကြောင့် ချွမ်းရွေ့လာပြီဟု သိလိုက်ရတာကြောင့် ထယ်ရယ် နောက်လှည့်ကြည့်လိုက်တယ်။
"မင်းရောက်လာသားပဲ"
"အင်း..မရောက်လာရင် သောင်းကျန်းတတ်တဲ့ ခင်ဗျား အကျင့်ကိုကြောက်လို့"
ထယ်ရယ်က သဘောကျစွာ ခေါင်းမော့ကာ ရယ်လိုက်မိတယ်။
"ငါ အဲ့လောက်တောင်ဆိုးခဲ့တာလား"
"သေချာတာပေါ့...ဖုန်းခေါ်ပြီး ဆင်းမတွေ့ရင် လော်စပီကာနဲ့ အော်ခေါ်တတ်တဲ့ ခင်ဗျားကို ကြောက်လွန်းလို့"
"အဟင်း...ငါဒီအတောအတွင်းမင်းရပ်ကွက်ထဲက လူတွေကို စိတ်ဒုက္ခတွေပေးခဲ့တာပဲ...မင်းကိုရောပေါ့"
ထယ်ရယ်က ထို 'မင်းကိုရောပေါ့' ဆိုတဲ့ စကားကို ပြေပြေလေး အပြုံးဖြင့် ပြုံးပြကာ ချွမ်းရွေ့ကိုပြောလိုက်ခြင်း။
"ငါ ပင်ပန်းတယ်"
ရုတ်တရက်ကြီး မြေကြီးကို ခေါင်းငိုက်စိုက်သွားပြီးပြောလိုက်တဲ့ ထယ်ရယ်ရဲ့ စကားကြောင့် ချွမ်းရွေ့ မျက်မှောင်ကုတ်မိ၏။
"ခင်ဗျား ပင်ပန်းနေရင် အိမ်မှာ အနားသွားယူလေ၊ ကျွန်တော့်ကို လာပြောပြတော့ ဘာလုပ်ပေးနိုင်မှာမို့လို့လဲ"