ဒီနေ့ဟာ ချွမ်းရွေ့နှင့် ထယ်ရယ် အတွက် မင်္ဂလာရှိပြီး အပျော်တွေနဲ့ ပြည့်နှက်နေရမယ့်နေ့တစ်နေ့။တရုတ်ပြည် ရှန်ဟိုင်တစ်မြို့လုံးမှာရှိတဲ့ အဆောက်အအုံတွေက အပြိုင်အဆိုင် မီးတွေထွန်းထားကြပေမဲ့ ဆိုင် တစ်ဆိုင်ကတော့ မီးမထွန်းထားတဲ့ အတွက်ကြောင့် မှောင်နေသည်။
ဒီနေ့ညဟာ ထယ်ရယ်အလုပ်လုပ်ရမယ့်ရက်တော့မဟုတ်ပေမဲ့ ဆိုင်ရှင်က အခြားတစ်ယောက်က နေမကောင်းလို့ အမြန်ခွင့်ယူသွားတာကြောင့် ထယ်ရယ် လာမှ ရမယ်ဆိုတာကြောင့် နားရက်ပေမဲ့ အလုပ်လာလုပ်ရတာ။
ဒါပေမဲ့ ထယ်ရယ်က ဆိုင်ထဲ ဝင်လိုက်တော့ မီးမှောင်နေတာကြောင့် မီးခလုတ်ကို ဖွင့်ဖို့ လက်နဲ့အရင်စမ်းလိုက်ပြီးမှ ဖွင့်လိုက်တာနဲ့ ဖောင်းကနဲ အသံနဲ့အတူ ကိတ်မုန့် တစ်လုံးကို ကိုင်ပြီး ချွမ်းရွေ့က ထွက်လာတယ်။
"ရား..ချွမ်းရွေ့ လန့်လိုက်တာ.."
တစ်မနက်လုံးပျောက်နေပြီးမှ ခုမှကိတ်မုန့်တစ်လုံးနဲ့
စပရိုက်တိုက်တဲ့ ချွမ်းရွေ့ကြောင့် ထယ်ရယ် အံ့ဩသွားမိတယ်။ ပြီးတော့ တစ်ခါတည်း သဘောပေါက်သင့်တာကို သဘောပေါက်သွားရတယ်။ ဆိုင်ရှင်ကလဲ ချွမ်းရွေ့ရဲ့ အလိုတူအလိုပါ ဖြစ်လိမ့််မယ်လို့ မထင်ထား။"အံ့ဩသွားတာ လား.. Happy 1st Anniversary ပါ နော်.."
ချွမ်းရွေ့က ကိတ်မုန့်ကိုင်ထားရင်းနဲ့ ထယ်ရယ်ရဲ့ ပါးတစ်ဖက်ကို မွှေးကြူရင်း ပြောလိုက်သည်။
"မင်းမမှတ်မိတော့ဘူးထင်နေတာ"
ထယ်ရယ်ကလဲ ချွမ်းရွေ့ရဲ့ပါးတစ်ဖက်ကို နမ်းဖို့ အတွက် ခြေဖျားထောက်လိုက်တော့ ချွမ်းရွေ့လက်ထဲက ကိတ်မုန့်က ပြုတ်ကျမိတော့မလိုဖြစ်သွားတာကြောင့် နှစ်ယောက်လုံး သဘောတစ်ကျရယ်လိုက်မိသေးတယ်။
"မမှတ်မိစရာလား..အဖိုးတန်နေ့လေးကို.."
"အင်း..ဒီတစ်လျှောက်လုံး တစ်နှစ်လုံးပေါ့..ငါ့ကိုချစ်ပေးလို့ ကျေးဇူးတင်ပါတယ်၊နောက်လဲ အများကြီးချစ်ပေးပါဦး"
"ပြောစရာမလိုပါဘူးနော်..ကိုကို့ဘက်က သာ ပိုချစ်ပေး"
"ထားပါတော့ ..ဆိုင်ကို ထပ်ငှါးပြန်ပြီလား"