(✯◡✯)

328 37 8
                                    



"ထယ်ရယ်ဟျောင်း..ဟန်ဘင်းဟျောင်းက ခဏလာခဲ့ပါဦးတဲ့"

ဧည့်ခန်းထဲမှာ ရစ်ခီနှင့်ထယ်ရယ်က ဂိမ်းကစားနေကြသည်။ ဂိမ်းကစားပြီဆိုတာနဲ့ ထုံးစံအတိုင်း အသံတွေက ပေါင်းစုံမို့ dormကို ထယ်ရယ်တို့နှစ်ယောက်ရဲ့ အသံက လွှမ်းမိုးထားတယ်။

အခန်းထဲဝင်ဆော့ကြပါလို့ပြောလဲ မရတာမို့ လွှတ်ထားကြတာ။

အဲ့အချိန်မှာ ဂယူဘင်းက ရောက်လာပြီး ထယ်ရယ့်ကိုပြောတော့ ထယ်ရယ်က ရစ်ခီနဲ့ ဂိမ်းဆော့ရင်း တန်းလန်း ဖုန်းကို ခဏချထားပြီး ဟန်ဘင်းရှိတဲ့ အခန်းထဲ ဝင်သွားတော့သည်။

မျက်မှောင်ကြုတ်ရုံသာမက နူတ်ခမ်းကိုမသိသာဆူမိပြီး ဆိုဖာပေါ်မှာ ကျန်ခဲ့တဲ့ ရစ်ခီကို ဂယူဘင်းက သတိထားမိသွားတော့

"ဘာဖြစ်တာလဲ မျက်နှာက"

"ဘာပဲဖြစ်ဖြစ်"

ဂယူဘင်းက သူ့တာဝန်ပြီးပြီဆိုတော့ သူ့အခန်းသူ မပြန်ပဲ ယူဂျင်းရှိတဲ့ အခန်းထဲဝင်သွားတော့သည်။ ရစ်ခီက ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ငုတ်တုတ်။ ဂိမ်းဆော့ဖို့လဲ စိတ်မပါတော့တာကြောင့် ဂိမ်းထဲကထွက်ကာ ဖုန်းကို ပိတ်ပြီး ကိုယ့်အခန်းကိုယ် ပြန်ဝင် သွားဖို့ပဲလုပ်ရတော့တယ်။

ထယ်ရယ့်ဖုန်းကိုလဲ ရစ်ခီက ဆူပုတ်ပုတ်ကြည့်ရင်း ထားခဲ့၏။

ဟန်ဘင်းဟျောင်းက ထယ်ရယ်ဟျောင်းကိုပဲ ခေါ်တာမို့ လိုက်ဝင်သွားလို့လဲမကောင်း။ ရစ်ခီရဲ့မျက်နှာက နို့မသောက်ရတဲ့ ကြောင်ပေါက်လေးအတိုင်း။

ခြေလက်သန့်စင်ပြီး ကုတင်ပေါ်ကို မှောက်ခုန်လျက် ပစ်ဝင်လိုက်တာနဲ့ ကိုယ်တိုင်တောင်မသိပဲ သက်ပြင်းချလိုက်မိသည်။ ရစ်ခီက အခုနောက်ပိုင်း ထယ်ရယ်ဟျောင်းနဲ့ သိသိသာသာ ရင်းနှီးလာပြီး ထယ်ရယ့်ကို စိတ်ကောက်ချင်တိုင်း ကောက်နေသလို ထယ်ရယ့်အတွက်လဲ ရစ်ခီက အရယ် ခလုတ်လေးဖြစ်လာတာ ဇီးရိုစ့်တွေလဲ သတိထားမိကြတာပဲလေ။

ရစ်ခီ တွေးကြည့်ပါဦးမယ်..ဟန်ဘင်းဟျောင်းက ထယ်ရယ်ဟျောင်းကို ဘာပြောစရာရှိလို့ ခဏလာပါဦးလို့ ဂယူဗင်း ကနေ တစ်ဆင့်ပြောခိုင်းရတာလဲ။

𝟩 𝖽𝖺𝗒𝗌//𝟢𝟦𝟢𝟤Where stories live. Discover now