၃//ပန်းတစ်ပွင့်သာဆိုရင် ရနံ့ဖြင့်ခစားမည်။
နာရီလက်တံရွေ့သံတောင်မကြားရတဲ့ အခန်းမှာ ဖုန်းအသံက ကျယ်လောင်သစွာ မြည်လာတော့ အိမ်မောကျနေတဲ့
ဂယူဘင်းက မျက်လုံးမပွင့်သေးပဲ ဖုန်းကို လက်နဲ့စမ်းပြီး ကိုင်လိုက်တယ်။အိပ်ချင်စိတ်လဲမပြေ၊ မူးနေတာလဲ မပြေသေးတဲ့ ဂယူဘင်းက သူ့ဆီလာတဲ့ ရစ်ခီ့ဖုန်းကို ကိုင်လိုက်ရတဲ့ အကြောင်းအရင်းက တမင်ဆဲချင်လ်ို့။
"ဟေ့ရောင် **လေး ၊သေမလို ဖုန်းဆက်နေတာလား"
ဂယူဘင်းက မျက်လုံးပိတ်လျက် ဆဲရေးဆိုလိုက်တော့ တစ်ဖက်ဖုန်းကနေ အခုမှအိပ်ရာက နိုးလာပုံရတဲ့ ရစ်ခီရဲ့ အသံဩဩနဲ့လှောင်ရယ်သံကို ကြားလိုက်ရတယ်။
[မသောက်နိုင်ရင် မသောက်နဲ့လို့ ငါပြောသားပဲ၊ ညီအစ်ကိုတွေ တစ်ချိုးတည်းပဲ]
"ဟမ်.."
ဂယူဘင်း အခုမှ မျက်လုံးအဆမတန်ပြူးသွားရတယ်။
ညက လူမှန်းမသိ မူးနေပေမဲ့ ကံကောင်းပြီး နတ်တွေမစ လို့ အိမ်ကို တည့်တည့်မတ်မတ်ပြန်ရောက်လာတာကို တော့ မှတ်မိတယ်။ဒါပေမဲ့ အိမ်ကိုပြန်ရောက်လာတာက သူတစ်ယောက်တည်း။ ထယ်ရယ်ဟျောင်းရော!!!ကလပ်ကို ညီအစ်ကိုနှစ်ယောက်အတူတူသွားခဲ့ပေမဲ့ ပြန်လာတော့ သူတစ်ယောက်တည်း။
မနေ့က လူကြီးတွေ ခရီးသွားတာကို အခွင့်ကောင်းယူပြီး ကယူဘင်းက လောလောလတ်လတ်အသဲကွဲထားတဲ့ အစ်ကိုဖြစ်သူ ထယ်ရယ်ကို အတင်းအကြပ် ကလပ်ကိုဆွဲခေါ်သွားခဲ့တာ။
ဂယူဘင်းလဲ ကုတင်ပေါ်က ကမမ်းကတမ်းထပြီး ထယ်ရယ့်အခန်းတံခါးကိုသွားဖွင့်ကြည့်တော့ လူရှိမနေတာကြောင့်
"သေစမ်း..ဖုန်းခေါ်ကြည့်ရမယ်"
[ဘာဖြစ်တာလဲ]
"ထယ်ရယ်ဟျောင်း လေ..ညက ငါနဲ့အတူတူအိမ်ပြန်မပါခဲ့ဘူး"
[ဟုတ်လား၊ သူလဲ လူကြီးဖြစ်နေပြီပဲ ပြန်လာမှာပေါ့ relax man!!]
"ဟာကွာ..မသိဘူး ဒါပဲ ဖုန်းချပြီ"
ဂယူဘင်းက အမူးပြေဟင်းရည်တောင် သောက်စရာမလိုပဲ အမူးတောင်ပြေသွားရပြီ။ ရစ်ခီ့ဖုန်းကို ချလိုက်ရတယ်ဆိုတာကလဲ သူ့အစ်က်ို ထယ်ရယ့်ဆီ ဖုန်းဆက်မလို့။