ဇာတ်လမ်းတို(၅)

651 85 9
                                    

၅// အထီးကျန်နေသော ပန်းလေးတစ်ပွင့်

စာအုပ်စာပေလူ့မိတ်ဆွေတဲ့။ ကြီးကျယ်လိုက်ပုံများ။ စာအုပ်တွေ အများကြီးဖတ်လဲ ဘာအရေးလဲ။ သင်ညာနှင့် ပညာကို လူကြီးတွေ ကွဲပြားအောင် သိဖို့ လိုတယ်လို့တော့ ချွမ်းရွေ့ ထင်တယ်။

ဒါပေမဲ့ စာအုပ်ဖတ်ခြင်းဟာ လူတစ်ယောက်ရဲ့ စရိုက်ကိုပြောင်းလဲစေနိုင်တယ်လို့တော့ ခြံရှေ့အိမ်မှာနေတဲ့ ဟိုက်ပါ အစ်ကိုကြီး တစ်ဖြစ်၊ သူ့ရဲ့ ဂိုဏ်ဆရာတစ်ဖြစ်လဲ ဟာအိုဟျောင်းက ပြောဖူးပါရဲ့။ ဝတ္တုတွေကိုဆို အသာထား၊ ကျောင်းစာအုပ်တွေကိုတောင်မှ မျက်နှာချင်းမဆိုင်တာကို။

ဟာအိုဟျောင်းအတွက် စာအုပ်က အားဆေးဆိုရင်
ချွမ်းရွေ့ အတွက်တော့ အိပ်ငွေ့ချတဲ့ အိပ်ဆေးတစ်မျိူးဖြစ်ပါလိမ့်မယ်။

ဟိုက်ပါအစ်ကိုကြီး ခင်ဗျာ ချွမ်းရွေ့ကို စာမေးပွဲနီးနေပြီ စာလုပ်ပါတော့ လို့ ထိုင်ကန်တော့မတတ်ပဲ။ အခုလဲ ဟာအိုဟျောင်းခေါ်လာလို့သာ ချွမ်းရွေ့က စျေးဦးမပေါက်သေးတဲ့ စျေးသည်မျက်နှာထားနဲ့ စာကြည့်တိုက်ကိုရောက်လာရခြင်း။

ဟာအိုဟျောင်းက ဒီမေးခွန်းဟောင်းကို တစ်နာရီအတွင်း အပြီးတွက်ပါလို့ အမိန့်ပေးထားပြီး သူကိုယ်တိုင်လဲ သူ့စာ သူ ရှယ်တွက်နေတော့တာပဲ။

ဒီအစ်ကိုကြီးနှယ် သူ့ဟာသူ စာလုပ်နေပါလားလို့!!

စာမလုပ်ချင်ဘူး။ ရည်းစားအနားမှာ ကြောင်လေးလိုပဲ ချွဲနေချင်တော့တယ်လို့ပြောရအောင်လဲ ရည်းစားကရှိမနေ။

အကယ်၍ ဒီကမ္ဘာပေါ်မှာ ရည်းစားရ ဂါထာလေးများရှိရင် ဒီက လူချောလေး ရှန်ချွမ်းရွေ့ကို ပေးသနားတော်မူပါ အမတနတ်ဘုရားတို့!!

ရေး..တစ်နာရီတော့ ဖင်ကုတ်ခေါင်းကုတ်နဲ့ ပြည့်သွားပြီ။ ရှန်ချွမ်းရွေ့ ဖြစ်ချင်တာလဲ ဒါပဲလေ သားကြီးတို့ရ။

မေးခွန်းဟောင်း ပြီးသည် ဖြစ်စေ ၊ မပြီးသည်ဖြစ်စေ ချွမ်းရွေ့တို့က ဖင်နဲ့ထိုင်ခုံ မကပ်ချင်တော့ဘူး။ဒါပေမဲ့လဲ ဟာအိုဟျောင်းက ညနေငါးနာရီထိ စာလုပ်ရမယ်ဆိုတဲ့ အမိန့်ကြောင့် ချွမ်းရွေ့ နေ့ချင်းပြန် နတ်ပြည်ပေါ်ကို ခဏအလည်သွားလိုက်ချင်တော့တယ်။

𝟩 𝖽𝖺𝗒𝗌//𝟢𝟦𝟢𝟤Where stories live. Discover now