တစ်နေ့လုံး comebackအတွက် လေ့ကျင့်ထားရတာကြောင့် Taeraeရဲ့တစ်ကိုယ်လုံး ဟာ ညောင်းညာကိုက်ခဲနေ၏။ သို့ပေမဲ့ ခန္တာကိုယ်ကသာပင်ပန်းပြီး စိတ်က မပင်ပန်းနေတာကြောင့် တက်ကြွနေပြန်တယ်။အခန်းဖော် HanBin hyung က ရေချိုးနေ၏။ ဒါဆိုရင် Hanbin hyungက ရေချိုးပြီးရင် အိပ်တော့မယ်ဆိုတာ သေချာပေါက်။
Taeraeလဲ ဒီည စောစောအိပ်ဖို့စိတ်ကူးတယ်။ ဒါပေမဲ့ မအိပ်ခင်လေးတော့ ဂိမ်းတစ်ပွဲလောက် ဆော့ရင်တော့ ဖြစ်တယ်မလား။
ထိုအချိန်၊ အချိန်ကိုက်စွာ Taeraeနေတဲ့ အခန်းတံခါးကို တံခါးလာခေါက်သံခပ်ဖွဖွ ကြားရတယ်။
ဒီအချိန်ကြီးကို! ဘယ်မန်ဘာ ပါလိမ့်။
Taeraeက ကုတင်ပေါ်ကနေ အီလေးဆွဲကာ ထပြီး တံခါးကို သွားဖွင့်လိုက်တဲ့အခါ ဘွားကနဲပေါ်လာတဲ့ Rickyရဲ့မျက်နှာ နုနုကလေး။
သူလဲ အခုမှ မျက်နှာသစ်ပြီးတဲ့ပုံရသည်။
ထို့ကြောင့် မျက်နှာက ကြည်ကြည်လင်လင်ဖြစ်နေတာ။"Oh...Rick..မအိပ်သေးဘူးလား"
"အွန်း..Taerae hyung ဂိမ်းတစ်ပွဲလောက် တူတူဆော့ရအောင်"
"ရတယ်လေ "
ဂိမ်းဆော့ ဖို့ ဆို တက်ကြွတဲ့နေရာ မှာ ထိပ်ဆုံးဖြစ်တဲ့သူ နှစ်ဦး ပေါင်းမိတဲ့အခါ အတော်လေးကို ဆူညံကြဦးမှာ။
ထို့ကြောင့် နှစ်ယောက်သားက အခြားမန်ဘာတွေကို အနှောင့်အယှက်မဖြစ်အောင် အချင်းချင်း ထိန်းကြရသည်။"အခြားမန်ဘာတွေ အိပ်တော့မှာဆိုတော့ ငါတို့ အသံတိုးရအောင်"
Taeraeရဲ့သတိပေးစကားကို Rickyက အလေးပြုသလို ပုံစံလုပ်ပြတော့ Taeraeက သဘောတစ်ကျနဲ့ ပုခုံးချင်းတောင် လှမ်းတိုက်လိုက်၏။
"Rick...ဂိမ်းဆော့ရင်း ခေါက်ဆွဲဆီချက်စားမလား"
"အစပ်မစားချင်ဘူး..အချိုရှိလား"
"အဲ့ဒါဆိုပြုတ်လိုက်တော့မယ် ခဏစောင့်ဦး"
ဓာတုဗေဒကအဲ့လိုက်ညီတာ!
![](https://img.wattpad.com/cover/344557168-288-k235766.jpg)