ဒီ ရင်ခုန်သံတွေက ပုံမှန်ဟုတ်ရဲ့လား။
ရိပေါ်ရင်ခွင်ထဲရောက်နေတဲ့အခိုက်အတန့်မှာ
အခက်ခဲဆုံးက သူကိုယ်တိုင်လည်း
ဒါကိုလိုလိုလားလားရှိကြောင်း
ထုတ်မပြမိသွားဖို့ထိန်းချုပ်ရတာပါပဲ။နားနဲ့အနီးဆုံးမှာကြားနေရတဲ့ရင်ခုန်သံ..၊
ဆံပင်တွေကြားပြေးလွှားနေတဲ့
လက်ချောင်းတွေရဲ့အထိအတွေ့က
ခါတိုင်းထက် နူးညံ့ညင်သာနေတယ်။
ပိုပြီး တိုးဖက်ခံလိုက်ရချိန်မှာ
သူ့ကိုယ်ထဲကသွေးတွေ
ဗြောင်းဆန်ကုန်တော့သလိုမျိုး..။
နဖူးတစ်ဝိုက်မှာ အသာအယာတိုးဝှေ့နေတဲ့
အသက်ရှူငွေ့နွေးနွေးက
သူတို့ကို မဖြစ်သင့်တာတွေဖြစ်သွားဖို့
တွန်းအားပေးနေတဲ့အတိုင်း။နောက် နောက်ဆုံးတော့..
ရှောင်းကျန့်နဖူးမှာခိုနားတဲ့ ရိပေါ်နှုတ်ခမ်းလေး။
သူ..ရိပေါ်ရင်ဘတ်ကိုကုတ်ဆွဲမိတော့မတတ်။
မျက်လုံးတွေတင်းတင်းမှိတ်ထားမိရင်း
အသက်ပင်အောင့်ထားမိတော့တယ်။သူ့မျက်လုံးတွေပြန်ဖွင့်လိုက်တဲ့အထိ
ရိပေါ်က ငြိမ်သက်နေတာမို့
အိပ်ပျော်သွားတာများလားလို့တွေးမိတယ်။
အဲလို..ရရိုးလား။
သူများကို ဒီလိုတွေလုပ်ပြီး ဘယ်လိုတောင်
ချက်ချင်းအိပ်ပျော်နိုင်တာလဲ။
သူကတော့ ကိုယ့်ရင်ခုန်သံကို
နားငြီးအောင်ပြန်ကြားနေရတာကို။ရိပေါ်က သူ့ကိုဘာလို့နမ်းရတာလဲ။
ရိပေါ်ရင်ခွင်ထဲက ထွက်ပြေးချင်ပေမဲ့
တစ်ဖက်မှာလည်း ဒီရင်ခွင်ရဲ့နွေးထွေးမှုကို
ရသလောက်ခံစားချင်မိသေးတယ်။ဒါပေမဲ့ တခြားလူတွေသိသွားရင်
ဘယ်လိုလုပ်မလဲ။
ခမည်းတော်သိသွားရင်ရော..။ရှောင်းကျန့်အနေနဲ့ ဖြစ်သင့်တာထက်
ခံစားချက်ကိုဦးစားပေးလိုက်လို့မရမှန်း
တွေးမိသွားချိန်မှာ ရိပေါ်ရင်ခွင်ထဲကနေ
အသာလေးရုန်းထွက်နေမိတယ်။
အိပ်ပျော်နေတယ်ထင်ခဲ့တဲ့ရိပေါ်က
အဲလိုဟုတ်ပုံမရပဲ ပိုပြီးမြဲမြံအောင်
ဖက်ပစ်လိုက်တာကြောင့်"ရိပေါ်..ကိုကို့ကို လွှတ်"
"ကျွန်တော်ချမ်းလို့"
YOU ARE READING
R E L I G I O N