အဲဒီနေ့က ညနေပိုင်းမှာ
စုန့်ယွီကောတို့ဆီကိုသွားခဲ့ကြတယ်။
ဟိုင်နန်ကမ်းခြေရဲ့သဲသောင်ပြင်ပေါ်က
ပင်လယ်ကိုမျက်နှာမူလျက်ဆောက်ထားတဲ့
သုံးထပ် အင်္ဂတေဇိမ်ခံအဆောက်အဦးက
ပိုင်ရှင်ရဲ့အခြေအမြစ်ကို ပြောပြနေသလိုပါပင်။ရိပေါ်ရဲ့ကားလေးအိမ်ရှေ့မှာနားလိုက်ပြီးတာနဲ့ မိန်းကလေးတွေရဲ့ စိတ်လှုပ်ရှားစွာဆီးကြိုသံက
ထွက်ပေါ်လာကာ အိမ်ထဲကနေ ချက်ချင်းပြေးထွက်လာကြပါတယ်။"မင်းသားလေးက နောက်ကျလိုက်တာ၊
ကျမတို့ဆို နေ့လည်လောက်တည်းက
ရောက်နေတာ ၊နှစ်ယောက်သား
ဘယ်တွေအရင်ဝင်လည်နေတာလဲ ""ဟုတ်ပါ့နော်၊ အဲဒါဆိုရင်တော့
မနာလိုဘူး""ကားကလှလိုက်တာ၊
ဒါက bentley turbo R မလား"လူတိုင်းက ရိပေါ်ကိုရော ရိပေါ်ရဲ့ကားကိုပါ
စိတ်ဝင်တစားရှိနေကြတယ်။
ကောင်မလေးတွေရဲ့မျက်လုံးတွေမှာ
စိတ်လှုပ်ရှားမှုအပြည့်ပဲ။
ဒီလောက်စမတ်ကျပြီး ခပ်မိုက်မိုက်နဲ့ ဆေးကျောင်းသားတစ်ယောက်ကို
စိတ်မဝင်စားမှ ထူးဆန်းမှာပေါ့လေ။"မိတ်ဆက်ပေးပါဦး မင်းသားလေး"
"အော်..ဝမ်ရိပေါ်တဲ့၊ မြင်ဖူးကြမှာပါ"
"မင်းသားလေးရဲ့ကိုယ်ရံတော်"
လျန်ဟွားက ချိုမြတဲ့အသံလေးနဲ့စနောက်လိုက်ပြီး
မျက်လုံးတွေကတော့ ရိပေါ်ကိုပင့်ကြည့်လျက်။
အစက ရိပေါ်လစ်လျူရှုလိုက်မယ်ထင်ခဲ့ပေမဲ့
ရိပေါ်ကလည်း လျန်ဟွားကို
အပြုံးပါးပါးလေးတုံ့ပြန်လိုက်ပါတယ်။"မင်္ဂလာပါ"
နူးညံ့ညင်သာတဲ့နှုတ်ဆက်သံနောက်မှာ
မိန်းကလေးတွေရဲ့ စိတ်လှုပ်ရှားစွာ
တွတ်ထိုးသံလေးတွေကျယ်လာပြန်လေတယ်။
သူမလေးတို့က မိန်းကလေးဂုဏ်သိက္ခာကို
အတတ်နိုင်ဆုံးကာကွယ်ရန် ကြိုးစားသော်လည်း
ပျော်ရွှင်စိတ်ဝင်စားနေဟန်ကိုတော့
ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။"ရိပေါ်..ဒါက
လျန်ဟွား၊ မုံမုံ၊ ယွမ်မိန်း၊ ဖန်းထုံ၊ လင်းချီ၊
ရှောင်းမင် "ရိပေါ်က ထပ်ပြီး ဦးညွတ်နှုတ်ဆက်ပါတယ်။
သူတို့အဖွဲ့က ဒါကတော့လူအစုံပင်။
မိန်းကလေး သုံးယောက်ရှိပြီး
ယောကျာ်းလေးက သူအပါအဝင် ငါးယောက်။
YOU ARE READING
R E L I G I O N