🅁🄴🄻🄸🄶🄸🄾🄽 10

1.5K 270 43
                                    

ဟိုင်နန်ခရီးကပြန်လာပြီးတဲ့နောက်
သူတို့ရဲ့တစ်နေ့တာကိုအရင်လိုပဲ
သာမာန်ဆန်ဆန်ဖြတ်သန်းဖြစ်ကြတယ်။

အရင်နဲ့မတူတော့တာတစ်ခုက
ရိပေါ်က ရှောင်းကျန့်သူငယ်ချင်းတွေနဲ့
တစ်ခါတစ်လေ စကားဝိုင်းဖွဲ့နေတတ်တာပဲ။
ဒါဟာ ရှောင်းကျန့်မျက်နှာကြောင့်ဆိုတာ
သိပ်သိတာပေါ့။
အသစ်ထပ်ဆွဲထားတဲ့ပယ်လယ်ပုံတစ်ပုံကို
လျန်ဟွားကိုထပ်ပေးဖို့လည်း ရိ​ပေါ်ကမမေ့ခဲ့။

bentley turbo r အနီလေးကို
ရိပေါ်ထပ်ပြီးထုတ်မစီးတော့ပါ။
အထူးတလည်သွားရမယ့်ခရီးရှိမှသာ
ထုတ်စီးတော့မယ်တဲ့လေ။

"အဲဒီ အထူးတလည်အချိန်က
ဘယ်အချိန်လဲ၊ မင်းသိလား..
မင်းရဲ့အနီရောင်လေးကိုထုတ်စီးတဲ့အချိန်ဆို
အားလုံးရဲ့အာရုံကိုလုံးဝဖမ်းစားထားတတ်တာ"

"အဲဒါကြောင့်လည်းထုတ်မစီးချင်တာ"

"ဟိုင်နန်ကိုသွားတုန်းကကျ စီးတာပဲကို"

"ဟိုင်နန်ကိုသွားတဲ့လမ်းမှာ
အခုလိုမျိုး မျက်လုံးပေါင်းတစ်ရာရဲ့
စိုက်ကြည့်ခြင်းမခံရဘူးလေ.."

အမှန်တရားဖြစ်တာကြောင့်
အမြင်ကပ်ကပ်နဲ့နှုတ်ဆိတ်နေလိုက်ရတယ်။
တကယ်တော့ bentley turbo rလေး
ထုတ်စီးမသွားလည်း ကျောင်းက
မိန်းကလေးတော်တော်များများရဲ့
မျက်လုံးတွေကတော့ ရိပေါ်ရှိရာအရပ်ကို
ဦးတည်နေတတ်ကြတာပါပဲ။

ဒါတွေအားလုံးက ရိပေါ်ကြောင့်သာဖြစ်တယ်။
ဘာကြောင့်များ တစ်နေ့ထက်တစ်နေ့
ပိုပြီး ကြည့်ကောင်းလာရသလဲဆိုတာ
နားမလည်နိုင်တော့ဘူး။
ဆွဲဆောင်မှုရှိလွန်းတဲ့ကောင်လေးကို
ချစ်သူတော်ထားရတဲ့ရှောင်းကျန့်က
နည်းနည်းလေးမှ ဘဝင်မအေးနိုင်ခဲ့။
ဆေးကျောင်းကကောင်မလေးတွေ
ရိပေါ်အနားကပ်လာပြီး တရင်းတနှီး
ဆက်ဆံနေတာမြင်ရရင် သူ့မှာ
တစ်ယောက်တည်းသဝန်တိုနေရတာအမော။

ဒီကောင်လေးအပေါ်ထားရှိတဲ့
ခံစားချက်ထုထည်ဟာဆိုရင်ဖြင့်
အချိန်နဲ့တစ်ပြေးညီ သိပ်သည်းဆလည်း
တိုးပွားတယ်ထင်ပါရဲ့။

အခုနောက်ပိုင်း ရိပေါ်က
အရင်လိုမတွန့်ဆုတ်တော့ပဲ
ရှောင်းကျန့်ကုတင်ပေါ်မှာတက်အိပ်ရဲနေပြီ။
Goodnight kiss တွေဟာ
သူတို့နှစ်ယောက်ရဲ့အိပ်ယာဝင်အချိန်မှာ
မရှိမဖြစ်ပါဝင်တဲ့ ကိစ္စရပ်တစ်ခုအလား
ပြတ်လပ်လို့မရခဲ့။
နွေးထွေးတဲ့ရင်ခွင်နဲ့ အနီးကပ်ဆုံး
အသက်ရှူသံက ရှောင်းကျန့်အိပ်ပျော်ဖို့
မဖြစ်မနေလိုအပ်တဲ့
ချော့သိပ်တေးဖြစ်လာခဲ့တယ်။

R E L I G I O N Where stories live. Discover now