နေ့လည်စာစားပြီးလို့ အနားယူနေကြတဲ့
ဧည့်ခန်းထဲမှာ a girl like you
သီချင်းက မြူးမြူးကြွကြွပါပဲ။
ရှောင်းကျန့် ဒီသီချင်းခွေကိုဝယ်လာတာ
မှန်တယ်လို့ခံစားနေရတယ်။ရှောင်းကျန့်ရယ် လင်းချီရယ်၊
စုန့်ယွီကောရယ်က ကျောင်းကအကြောင်းတွေ
ထိုင်ပြောနေကြပြီး
ရိပေါ်ကတော့ ဒီနေ့လည်းပုံထိုင်ဆွဲနေခဲ့ပါတယ်။
ကောင်မလေးတွေက ဘေးမှာအုံနေကြတာမို့
သိပ်တော့မကျေနပ်လှပေမဲ့
ရိပေါ်က ခနတိုင်းလှမ်းကြည့်လာပြီး
ပြုံးပြနေတာကြောင့် ဆက်မပြုံးပြတော့ဖို့
မျက်ရိပ်ပြကာ လှမ်းအသိပေးရတယ်။"ဒီသီချင်းနဲ့ကကြည့်ပါလားရိပေါ်..၊
အရမ်းကလို့ကောင်းတာ""တော်ပါပြီ..၊ ကျွန်တော်က
စာအုပ်တွေဆီမှာပဲစိတ်နှစ်ထားလို့
ဘယ်လိုကရမှန်းတောင်မသိတဲ့လူစား""အိုး..မဖြစ်နိုင်တာ၊
ရိပေါ်ပုံစံကြည့်ရတာ စာဂျပိုးတွေနဲ့လည်း
မတူပါဘူး၊ ဝတ်ပုံစားပုံကလည်းခေတ်မှီပြီး
စတိုင်ကျတယ်၊
တို့မေဂျာကကောင်မလေးတွေတောင်
ဒီဆရာဝန်လောင်းကိုမှန်းနေကြတာအများသား""အဲထဲမှာ နင်ရောပါသေးလား လျန်ဟွား"
"ဖန်းထုံနော်..၊ စကားကိုကြည့်ကျပ်ပြော"
လျန်ဟွားက ငြူစူစွာဆိုလိုက်ပေမဲ့
စိတ်ထဲကမပါကြောင်းကို မျက်နှာပေါ်မှာ
အတိုင်းသားဖော်ပြနေပါတယ်။"အဲလိုဆိုရင်တော့ ပြသနာပဲ"
"ဘာလို့လဲ"
"ဒီလောက်နာမည်ကြီးနေရိုးမှန်ရင်
ကျွန်တော့ချစ်ရသူကတော့
သဝန်တိုနေရတော့မှာပဲ""......."
အားလုံးရဲ့အသံတွေတိတ်ကုန်ကြပြီး
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကုန်ကြပါတယ်။
ရှောင်းကျန့်တောင်မှ ရိပေါ်စကားကြောင့်
ပါးစပ်အဟောင်းသား။
အဲကောင်လေး ဘာတွေလျှောက်ပြောနေတာလဲ။"ရိ ရိပေါ်မှာ ချစ်ရသူရှိတယ်?"
"ဟုတ်ကဲ့"
"ဘယ်သူလဲဟင်၊ အဲဒီ့ကံကောင်းလွန်းတဲ့မိန်းကလေးက
ဘယ်သူများလဲ"
YOU ARE READING
R E L I G I O N