0 - 6

774 85 3
                                    

      ရှေ့ကနှစ်ယောက်ဝယ်သမျှ နောက်ကအထုပ်ဆွဲလိုက်နေရတဲ့ ရစ်ခီ့ဘဝကလွယ်ကူမနေပါ။ရှေ့ကနှစ်ယောက်ဆိုတာထက် မားကသာဒိုင်ခံဝယ်နေတာဖြစ်သည်။ ဒေါက်တာကတော့ မားကဝယ်ပေးလိုက် သူကပြန်ငြင်းလိုက်..အလုပ်ရှုပ်နေပြီး...ဝယ်ထားသမျှ အထုတ် ဆွဲရတာက ရစ်ခီပင်။

     "မား!!  မပြီးသေးဘူးလားဗျာ ဒီမှာမားတို့နောက်လိုက်ရတာခြေတိုနေပြီ "

  "နင့်ကိုအစကတည်းက ဘယ်သူကရိုက်ပုတ်ပြီးလိုက်ခိုင်းလို့လဲ နင့်ဘာသာနင်လိုက်လာပြီးတော့ ပွစိပွစိမလုပ်စမ်းနဲ့ ရှန်ရှန်"

  "မားက ဒေါက်တာ့ကိုခေါ်သွားတာလေ ကျွန်တော်ကတစ်ယောက်တည်းအိမ်မှာဘာလုပ်ရမှာလဲ..."

   "အိမ်မှာ ထယ်ရယ်ရှိတော့ရော မင်းကဘာလုပ်မှာမလို့တုန်း"

   "ဟာဗျာ...မားးး! ."

ရှေ့က ကလေးလေးတွေလိုရန်ဖြစ်နေကြသည့် သားအမိနှစ်ယောက်ကိုကြည့်ရင်း ထယ်ရယ် ကြိတ်ရယ်မိသည်။ ထယ်ရယ်တစ်ခုသိလိုက်တာက ရစ်ခီရှန်တစ်ယောက်က မသိရင်ရုပ်တည်ကြီးနဲ့ကြောက်ဖို့ကောင်းတယ်ထင်ရပေမဲ့ သူ့မာမားနဲ့ဆို ကလေးတစ်ယောက်လိုပဲဆိုတာ...။

    "ကဲ  မား ဒီကနေပဲ ပြန်လိုက်တော့မယ် သားတို့ဘာသာ ညစာစားပြီး ပြန်လိုက်ကြတော့နော်... သားထယ် မားနဲ့လိုက်လာပေးတာကျေးဇူးနော်"

   "ရပါတယ်မားး ရဲ့..နောက် သားဂျူတီအားတဲ့အခါလည်းသွားချင်လှမ်းခေါ်လိုက် မားး...ဒါနဲ့ မား ဘာနဲ့ပြန်မှာလည်း ကျွန်တော်တို့လိုက်ပို့ပေးမယ်လေ"

   "ရတယ် ရတယ် ....မား အိမ်က driver လှမ်းခေါ်ထားပြီးပြီ ရှန်ရှန် မင်း  သားထယ် အပေါ်အနိုင်မကျင့်နဲ့နော် လိမ်လိမ်မာမာနေ.."

  "မာမားပြောပုံက သားက မသိရင် အားနေဒေါက်တာ့အပေါ်လိုက်အနိုင်ကျင့်နေတဲ့ လူကြီးကျနေတာပဲ "

ရစ်ခီ စူပုတ်စွာပြောတော့ ရှန်မာမားကရယ်သည်။ ထို့နောက်လာခေါ်သည့်ကားပေါ်တက်ကာ ပြန်သွားတော့သည်။ ကျန်ခဲ့တာက သူတို့နှစ်ယောက်.... ရစ်ခီ က..

     "ဒေါက်တာ!  ညစာအိမ်မှာပဲစားကြမလား တစ်ဆိုင်ဆိုင်ဝင်စားမလား"

Your Dimple Makes My Heart Smile [COMPLETED ]Where stories live. Discover now