Extra - A

722 80 3
                                    

        "အဲကိစ္စတော့ မောင် သဘောမတူဘူး ထယ် ...."

        "မောင့်!!! ..... "

အိပ်ခန်းထဲဆို ကလေးနိုးသွားမည်ဆိုး၍ ထယ်ရယ်တစ်ယောက် မောင့်လက်ဆွဲကာ အပြင်ၕည့်ခန်းထဲ ထွက်ခဲ့သည်။ မောင်ကဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်လိုက်ရင်း ...

    "ထယ့် သဘောကျ  ဒီကလေးလေးမွေးစားချင်ပါတယ်ပြောလို့ မောင်လက်ခံပြီးပြီ... အခု ကလေးထိန်းဖို့ အလုပ်ထွက်ပစ်မယ်ဆိုတာကတော့ မဟုတ်သေးဘူးလေ ထယ်... "

   "အလုပ်မထွက်လို့  ငါမှ သားကို ကလေးထိန်းနဲ့မထားနိုင်တာ... အခုမှ လသားတောင်မှ တစ်လသားပဲရှိသေးတာလေ... ငါ တခြားသူလက်ထဲ မထည့်ထားနိုင်ပါဘူး... "

  "မောင်က မင်း ပင်ပန်းမှာကြောက်လို့ပြောနေတာလေ...
မသိဘူးကွာ ... မင်းဟာမင်း လုပ်ချင်ရာလုပ်တော့ .... "

    "မောင့် ... မောင့် .... "

ကားသော့ဆွဲကာ ထွက်သွားပါသည့်မောင့်ကြောင့် ထယ်ရယ် မျက်ရည်ကဝဲလာရပြန်သည်။

ပြဿနာက ဒီလိုစသည်။ သူတို့ပြန်၍ လက်ထပ်ပြီး လပိုင်း
အကြာမှာပဲ မောင့်မွေးနေ့ရောက်လာခဲ့သည်။ ထယ်ရယ်တို့ဘာမှထူးထူးဆန်းဆန်းပြင်မထားဖြစ်ပဲ ထယ်ရယ်တို့မိဘတွေရဲ့မြို့လေးကမိဘမဲ့ဂေဟာမှာပဲ ရိုးရိုးရှင်းရှင်း အလှူဒါနလုပ်ဖြစ်သည်။ အဲဒီကအပြန် ညမှာပဲ ထယ်ရယ်တို့ပြန်လာတဲ့လမ်းမှာ ဖွားခါနီး ဗိုက်ကြီးသည်တစ်ယောက်က အကူအညီတောင်းတာနဲ့ ကားပေါ်ခေါ်တင်လာရသည်။ ဖြစ်ချင်တော့ ကားပေါ်မှာပဲ ရေမွှာပေါက်ကာ မိခင်က အခြေအနေသိပ်မဟန်တာမို့ နီးစပ်ရာ ဆေးရုံပို့ရတော့သည်။ သတိမလစ်ခင်အထိ ကလေးလေးကိုပဲ ကယ်ဖို့ပြောတဲ့ မိခင်ဟာ ကလေးလေးကို အောင်မြင်စွာဖွားအပြီးမှာပဲ ဆုံးသွားခဲ့ပါသည်။

ဘယ်သူရယ်ဘယ်ဝါရယ်မသိရပဲ ကလေးလေးကိုအောင်မြင်စွာမွေးဖွားနိုင်ပါက စောင့်ရှောက်ပေးဖို့ ခပ်နွမ်းနွမ်း စာလေးသာပါသည်။ မိခင်က သူ့အခြေအနေသူ သိနေခဲ့၍လားတော့မသိပေ။ မိခင်ဖြစ်သူကိုတော့ အမည်မဲ့အလောင်း အဖြစ်နဲ့သာ သဂြိုလ်ခဲ့ရပြီး ကလေးလေးမှာတော့ရက်သားလေးနဲ့ အမိမဲ့ရသည်။ ထယ်ရယ်တို့က ကားပေါ်ခေါ်တင်လာခဲ့တဲ့သူတွေမို့ ကလေးလေးကို ထယ်ရယ်တို့ကြည့်လို့ရမလား ခွင့်တောင်းသည့်အခါ ရတယ်ပြောတာမို့ ထယ်ရယ်တို့ဝင်ကြည့်ကြသည်။

Your Dimple Makes My Heart Smile [COMPLETED ]Where stories live. Discover now