Final_2

764 75 2
                                    


    "စိတ်လှုပ်ရှားနေတာလား ထယ် "

ရစ်ခီ ထယ်ရယ့် ရင်ဘက်က စောင်းနေတဲ့ပန်းလေးကိုပြန်တည့်ပေးရင်း မေးလိုက်သည်။ ဒီနေ့က ထယ်ရယ်နဲ့ ရစ်ခီရဲ့မဂ်လာပွဲ။ တစ်နည်းပြောရရင် ၕည့်သည်များအလယ်မှာ လူသိရှင်ကြား နှစ်ကိုယ်တူ လျှောက်လှမ်းရမဲ့ ပွဲ။အရင်တစ်ခါက ဟန်ဆောင်ဖို့အတွက်ရော နှစ်ဖက်မိဘနဲ့ပဲဖြစ်နေတာရောကြောင့် အဲလောက်စိတ်မလှုပ်ရှားခဲ့ပေမဲ့ အခုကတော့ မတူပေ။  ထယ်ရယ်ဘယ်တော့မှဖြစ်မလာနိုင်ဘူးလို့ထင်ခဲ့တဲ့ ထယ်ရယ်ချစ်ရသူနဲ့အတူလျှောက်လှမ်းရမဲ့ပွဲလေးမလား။ လက်ချောင်းတွေကိုစုပ်ချည်ဖြန့်ချည်လုပ်ကာ လေတွေမှုတ်ထုတ်နေတဲ့ ထယ်ရယ်က တကယ်ကိုစိတ်လှုပ်ရှားနေခဲ့တာပင်။ ရစ်ခီက  ထယ်ရယ့်ရဲ့စိတ်လှုပ်ရှားလို့ အေးစက်စက်ဖြစ်ချင်နေတဲ့ လက်လေးတွေကို ဆုပ်ကိုင်ကာ ထယ်ရယ့်ကိုယ်လေးကို ရင်ခွင်ထဲ ထည့်ဖက်ထားပေးလိုက်သည်။

    "ဘာမှစိတ်မလှုပ်ရှားနဲ့နော်  ..အားလုံးအဆင်ပြေပြေပြီးသွားမှာ..."

ရစ်ခီ့အပြောကို ထယ်ရယ် ရင်ခွင်ထဲကပဲခေါင်းအသာငြိမ့်ပြရင်း ပုခုံးထက်မျက်နှာအပ်ကာ ခနလောက်နေမိသည်။အခုချိန်ကစပြီး ရစ်ခီ့ရင်ခွင်က  သူ့အတွက်စိတ်အေးချမ်းရာလေး ဖြစ်နေတော့မှာ။ မဟုတ်ဘူးအရင်ကတည်းကဖြစ်ခဲ့တယ်ထင်ပါရဲ့ ။

    "ohh  God ..နည်းနည်းလောက်ခွာကျပါအုံး လို့ ... ခနနေရင်ပဲ ခန်းမထဲဝင်ရတော့မဲ့ဟာကို..ဖြစ်ပျက်နေလိုက်တာ...သတို့သားနှစ်ယောက်ရဲ့ "

မက်သရူးက Makeup room ထဲဝင်လာချင်းပဲ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပြောမိတော့မှ ဖက်ထားတဲ့နှစ်ယောက်က ခွာလေသည်။

   "ကိုကိုး!  ရစ်ခီ ကို ခေါ်သွားလိုက်တော့ သွား ... ခနနေရင်ပဲ ခန်းမထဲဝင်ရတော့မှာကို ဖက်နေတာမပြီးတော့ဘူး  မိတ်ကပ်တွေပျက်ကုန်လို့ပြန်ပြန်ဖို့ရတာ ဘယ်နှစ်ခါရှိနေပြီတုန်း  တကယ်ပါပဲ ...မပြောလိုက်ချင်ဘူး.."

မက်သရူးကပွစိပွစိပြောတော့ ထယ်ရယ်က ရှက်ရယ်ရယ်သည်။ရစ်ခီကပြန်ပြောဖို့ပြင်လိုက်ပေမဲ့ ဂျီအွန်းက ရစ်ခီရှန့်ကို နေရာယူဖို့ပြောကာ ဆွဲခေါ်သွားသည်။ မက်သရူး ထယ်ရယ့်ရဲ့မျက်နှာမှာ မိတ်ကပ်လေးတွေလိုတဲ့နေရာကို ထပ်ဖြည့်ပေးရင်း..

Your Dimple Makes My Heart Smile [COMPLETED ]Where stories live. Discover now