0 - 2

703 74 0
                                    


      Company ကအပြန် သောက်ဖို့ခေါ်ထားတဲ့ သူငယ်ချင်းတွေကြောင့် ရစ်ခီ  သွားနေကျ ဘားသို့ ​ခြေဦးလှည့်ရသည်။ ဘားရောက်တော့ ကြိုရောက်နှင့်နေပြီဖြစ်တဲ့
ဂွန်းဝုနဲ့ ဂယူ။

     "  ငါ့ကောင်ကြီး ယောကျ်ားယူရတော့မယ်ဆိုတာနဲ့ ဘားကိုပေါ်ကိုမလာတော့ဘူးနော်"

ဂွန်းဝုအပြောကို ရစ်ခီ လက်သီးတစ်ချက်ထောင်ပြရင်း ဘေးမှာဝင်ထိုင်လိုက်သည်။ ဂယူ က

"ဘယ်လိုလဲ ဟေ့ကောင်  အခြေအနေက။  ဟာအိုဟျောင်းလည်းပြန်လာတော့မယ်တဲ့နော် "

   "ဘာ!!  ကိုကိုက!!..  မနေ့ကညက ငါနဲ့ ဖုန်းပြောတာတော့ ဘာမှမပြောပါဘူး"

   "မင်းကို အံ့သြအောင်လုပ်ချင်လို့နေမှာပေါ့ ဒါနဲ့ မင်းလက်ထပ်ပွဲကိစ္စကရော ဟျောင်းက ပြန်လာတော့မှာနဲ့ ...."

" အေးဆေး။  ငါဒေါက်တာနဲ့ညှိပြီးပြီ  ဒီလိုကွ ........... "

ရစ်ခီ ဒေါက်တာနဲ့တွေ့ခဲ့ကြောင်း ပြန်ပြောပြတော့ ဂွန်းဝုက

   "ဒေါက်တာ့ ဘက်ကကြည့်ရင်မတရားလိုက်တာ  ရစ်ခီရှန်ရယ်။ "ဒေါက်တာကနားလည်ပေးလို့သာပဲ မင်း 1နှစ်အတွင်း ဒေါက်တာ့ကို ကောင်းကောင်းဆက်ဆံရမှာ "

  "ငါသိပါတယ်ကွ အာ့ကြောင့် ငါ့ဘက်က ကိုကို့ကိုသာ နားချနိုင်ရင် ငါကွာရှင်းပြီးတာနဲ့ ကိုကိုနဲ့ငါလက်ထပ်လို့ရပြီ ဒေါက်တာနဲ့ လက်ထပ်ပွဲက နှစ်ဖက်မိဘနဲ့အဘွားရှေ့မှာပဲလက်မှတ်ထိုးလက်စွပ်လဲရုံပဲမလို့ မင်းတို့ကလွဲ ကျန်တဲ့ဘယ်သူမှ ငါလက်ထပ်ထားတာ သိမှာမဟုတ်ဘူး ကွာ...

ကတိကဝတ်ကြောင့်လက်ထပ်တာ နှစ်ဖက်မိဘတွေသိနေတာပဲ .. အဲအချိန်မှကွာရှင်းလည်း မိဘတွေ ဘာမှပြောလို့ရမှာမဟုတ်ဘူး ...ကိုကိုသာ လက်ခံနားလည်ပေးရင် အရာအားလုံးက အေးဆေး။ OK ""

   "ရစ်ခီရှန်! ရစ်ခီရှန်။ တွက်ရေးက စက်သူဌေးပဲနော် ။ ပြီးမှနောင်တမရပါစေနဲ့နော်"

   "ရစ်ခီပါကွ မပိုင် ခြင်တောင်မရိုက်ဘူး "

   "အပြောကတော့ ရွှေမန်း။ စောင့်ကြည့်ကြသေးတာပေါ့ကွာ  ကဲ  အခုတော့။ cheer "

Your Dimple Makes My Heart Smile [COMPLETED ]Where stories live. Discover now