Party ပွဲက ထင်ထားတာထက် လူပိုများနေတော့ ရစ်ခီနည်းနည်းတော့ စိတ်ရှုပ်ရသည်။ ဒါပေမဲ့လည်း ကိုကိုက သေချာပေါက်လာဖို့ပြောထားတာမလို့ သူကလည်း ကိုကိုနဲ့ပြောစရာတွေ ရှင်းပြစရာတွေရှိတာမလို့ စိတ်ရှုပ်တဲ့ကြားကပဲ ထိုင်နေရသည်။ဖိတ်ထားပေမဲ့ ကိုကိုနဲ့သူအခုထိမတွေ့ရသေး။ တော်သေးတာက ဂွန်းဝုတို့ ဂယူတို့ပါ ဖိတ်ထားလို့ သူတစ်ယောက်တည်းကြောင်တောင်တောင်နိုင်မနေခြင်းပင်။ ဂွန်းဝုက
"ရစ်ခီရှန်! မင်း လက်ထပ်ပွဲကို ငါတို့တောင်မဖိတ်ဘူးနော် စိတ်ဓာတ်ပဲ ဟေ့ကောင်"
" နှစ်ဖက်မိဘနဲ့ပဲ လက်မှတ်ထိုးပါတယ်လို့ ပြောထားတယ်လေ သူငယ်ချင်းလေးတို့ရဲ့ "
" အဲဒါဒီနေ့ မလား ... ဝါးးးး ရစ်ခီရှန် အံ့သြတယ် ဒေါက်တာ့ကို ထားခဲ့ပြီး ဒီလာတာလား? ဝါးးးးး နှလုံးသားမရှိတဲ့ရစ်ခီရှန် "
"နှလုံးသားရှိလို့ ငါ ကိုကို့ ကိုချစ်တာပေါ့ ..နောက်ပြီး...ပါးစပ်ပိတ်လိုက်တော့ ငါနဲ့ဒေါက်တာကြားနားလည်မှုယူပြီးသား သူငယ်ချင်းကောင်းလေးတို့ရဲ့ ပါတီမှာမဆဲချင်ဘူး ...ကိုကိုကလည်း ဘယ်ရောက်နေတာလည်းမသိဘူး အခုထိမတွေ့ရသေးဘူး"
"ဒါနဲ့ ပါတီကို သတင်းသမားတွေပါလာတယ်နော် ဟာအိုဟျောင်းကိစ္စတစ်ခုခုရှိတယ်ထင်တယ်"
ဂယူရဲ့အပြောကိုရစ်ခီတို့ခေါင်းငြိမ့်လိုက်သည်။Fashion company တိုင်း Brand တိုင်းက လိုချင်နေတဲ့ Fashion လောကရဲ့ နာမည်ကြီး Designer ကျန်းဟာအိုပဲလေ.. impact ကသေးမှမသေးတာ အဲဒါကြောင့်လည်း Party က လူများနေတာ ဆန်းတော့မဆန်းပါ။ ရစ်ခီကတာ့ လူအာရုံစိုက်ခံရတာကိုစိတ်ရှုပ်သည်။ရစ်ခီ တွေးနေတုန်း စင်ပေါ်ကိုတက်လာသည့် ကိုကို။
အဖြူရောင် suit ဝမ်းဆက်နဲ့ဖွေးဥနေသည့် ကိုကိုက နို့ခဲလေးလိုပင်။"အားလုံးပဲ မဂ်လာပါ။ ..အရင်ဆုံး ကျွန်တော့ရဲ့ Party ကိုတက်ရောက်ပေးတဲ့ လူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ် ...
နောက်ပြီး ဒီနေ့ဒီပွဲကိုပြုလုပ်ရတဲ့ အကြောင်းအရင်းကတော့ ..အားလုံးလည်းသိချင်နေကြတဲ့အတိုင်း...ကျွန်တော် အခုတွဲလုပ်နေတဲ့ Company တွေနဲ့ အလုပ်တွေအကုန်ရပ်နားပြီး UK မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် Brand တစ်ခုအစပြုတော့မှာပါ အဲဒါကြောင့် ကျွန်တော်နောက်ပိုင်း UK မှာပဲ အပြီးတိုင်အခြေချဖြစ်တော့မှာပဲဖြစ်ပါတယ် ...
YOU ARE READING
Your Dimple Makes My Heart Smile [COMPLETED ]
Fanfic'မေတ္တာမှာ အလျားအနံ မရှိပေမဲ့ အသွားအပြန်ရှိတယ်တဲ့ ' Ricky x TaeRae